Jenoက ခံစားချက်မရှိတဲ့လူလို .. အရူးတစ်ယောက်လို အဲ့ဒီ အပြုံးတုတွေနဲ့ နေပြတိုင်း သူကရော သဘောတကျ ပျော်ရွှင်နေတယ်လို့ ထင်ခဲ့ပါသလား ..။

ကြေကွဲနေတဲ့ အပိုင်းအစတွေက ကောက်မရအောင် ကျိုးပဲ့ပျက်စီးနေတာ .. သူတို့ရဲ့ဆက်ဆံရေးက အဲ့ဒီလိုမျိုး ။

Jenoက ဟန်ဆောင်ပြရင်း နာကျင်နေခဲ့ရ ၊
သူက အဲ့တာကို သိလို့ နာကျင်နေခဲ့ရ ၊
ဒီသံသရာထဲမှာ နှစ်နဲ့ချီအောင် လည်နေလည်း
သူဆက်တိုက်တွန်းထုတ်နေခဲ့တဲ့ တစ်ဦးတည်းသောသူက ထွက်သွားဖို့ ကြံစည်တာ‌တောင် ရှိပုံမရ ။

" ညနေကျရင် Mark Hyungက ‌ဘတ်စကတ်ဘော ဆော့ကြမလို့တဲ့ မင်းရော လိုက်မယ်မလား .. "

" ... "

" Jaemin .. "

" ... "

သီချင်းသံ မလာသည့် နားကြပ်ကို တပ်ထားသည်မို့ Jenoပြောသမျှကို အကုန်ကြားနေခဲ့ရလည်း သူက ဒီအတိုင်း လမ်းကို ဆက်လျှောက်နေမိသည်မို့ Jenoက သူ့နားကြပ်ကို ဆွဲဖြုတ်ပစ်လိုက်သည် ။

ရုတ်တရက် ဒေါသထွက်စပြုလာသည့် မျက်လုံးသေတွေနှင့် Jenoကို ကြည့်မိတော့ သူမြင်ရသမျှက အဲ့ဒီ လခြမ်းကွေးလို မျက်၀န်းတွေ ။
အပြုံးအကြီးကြီးဆိုပေမယ့် မနည်းအားတင်းယူထားတာမှန်း ဒီလူကို ငယ်ငယ်လေးတည်းက သိလာတဲ့ သူက မသိဘူးလို့ သူထင်လေရော့သလား ။

" ငါ ပြောထားတယ်နော် .. မင်းကို .. အဲ့လို "

" Mark Hyungက ညနေ ‌ဘတ်စကတ်ဆော့မလို့ဆိုပြီး ခေါ်ထားတဲ့ အကြောင်း ပြောမလို့ "

တင်းတင်းဖက်ပစ်လိုက်ချင်စိတ်ကို ထိန်းချုပ်ထားရတဲ့ လက်တွေ ။
သူက နာကျင်စရာတွေ မပြောချင်သလို Jenoကလည်း ကြားချင်မှာ မဟုတ်ဘူးလေ ..။

" မလိုက်ဘူး "

" ဒါပေမယ့် Mark Hyungက .. "

ဒါပေမယ့် Jenoက သူ့ကို ဒီအတိုင်း လွှတ်မထားခဲ့ပါ ။

" အဟက် .. Mark Hyungမဟုတ်ဘူး .. မင်းက "

အဲ့ဒီ ခြောက်ကပ်ကပ် ရယ်သံက သူ့အတွေးတွေကို ကြိုသိနေကြောင်း ထုတ်ပြောပြချင်ရုံ သက်သက်သာ ..။
Jenoက သူ့ကို ပြုံးပြလာသည် .. ပြီးတော့ ဇွဲမလျှော့စတမ်း ဆက်ပြောနေသည်မို့ သူက စိတ်‌ရှုပ်လာသည်မှာ အမှန် ။

Selenophile || NoMinDonde viven las historias. Descúbrelo ahora