" ငါက ဒီအတိုင်း မင်းပျော်အောင် .. "

ဟင့်အင်း .. သေးသေးလေးတောင် မပျော်ပါဘူး ။
မင်းကို နာကျင်အောင် ပြောလိုက်တဲ့ ပြတ်ရှစကားတွေကြောင့် မင်းမျက်နှာ ပျက်သွားရတာတွေ ..
မင်းက ငါ့အနားကို ရောက်လာတိုင်း အဲ့ဒီလို နှင်လွှတ်ပစ်မိရလို့ ငါကလည်းပျော်မနေခဲ့ပါဘူး ။

" မင်းနဲ့ အတူရှိလို့ ငါပျော်နေမယ်ဆို ငါမင်းကို ငါ့နားကနေ နှင်ထုတ်မနေဘူး "

ဒီလိုစကားတွေ ပြောမိနေတာကြောင့် မင်းကို ငါ့အနား မရောက်လာစေချင်ဘူး ..။
အချစ်သိပါတယ် .. မင်းရော ငါရော ပျော်မနေနိုင်ကြဘူး ။

" ဒါပေမယ့် .. "

စကားပြောနေရင်း တန်းလန်းကို နားမထောင်ဘဲ နားကြပ်ကို ကောက်တပ်လိုက်မိသည် ။

ဒါက ပုံမှန်အတိုင်းပါပဲ ။
' ဒါပေမယ့် ' ရဲ့ နောက်မှာ ဆက်ပြီး လိုက်လာမယ့် Jenoရဲ့ စကားတွေကို သူနားမထောင်ချင်တော့ဘူး ။

ခြေရာတွေ ထပ်နေပြီးသား ဒီလမ်းက အရင်က အတူတူ ပြုံးရယ်ပြီး လျှောက်ခဲ့ကြတဲ့လမ်း ၊ အတူတူထိုင်ခဲ့ဖူးတဲ့ ဒီခုံတန်းတွေ .. ပြုံးရယ်နေခဲ့ကြတဲ့အချိန်ကို သိပ်လွမ်းတာပဲ။
ဒါပေမယ့် Jenoနဲ့အတူ ပြုံးရယ်နေဖို့ ထပ်ပြီး စိတ်ကူးမရှိတော့ဘူး ။

သူက Jenoကို သူ့ကို မုန်းသွားစေချင်ခဲ့တဲ့လူ ။
ဒီလောက် လုပ်နေတာတောင် Jenoက သူ့ကို ကပ်နေတုန်းမို့ ပိုဆိုးသည် ။
ဖြစ်နိုင်ရင် အခုထိ Jenoက သူ့ကို ထားသွားပစ်လိုက်ဖို့ သူက မျှော်နေတုန်း ..။

မဖြစ်နိုင်တော့တဲ့ အနာဂတ်ကြီးကို သူက လက်ခံပြီးနေပြီးသား‌မို့လို့လေ ။

// ငါက မင်းအပေါ် သိပ်ဆိုးတာပဲ .. အဲ့ဒီလို //

Jenoက ခေါင်းကို ငိုက်စိုက်ချလိုက်ရင်း သူ့မျက်နှာကို ပြင်သည် .. ပြန်မော့လာတဲ့အချိန်မှာ ပုံမှန်အတိုင်း အပြုံးတစ်ခုက ချိတ်ထားပြန်ပြီ ။

သူ အရင်တုန်းကတော့ ရူးလောက်အောင် သဘောကျခဲ့တဲ့ အပြုံးတွေ ၊ အခုတော့ သူနာနာကျည်းကျည်း မုန်းပစ်ချင်တဲ့ အပြုံးတွေ ။

Selenophile || NoMinWhere stories live. Discover now