ဂုဏ့် လက်ကိုဆွဲထားပြီး တောင်းပန်နေတဲ့
ငယ် ကခေါင်းလေးပါငုံ့ထားရှာသည် ။ အပြစ်
လုပ်ထားပြီးရင် လုပ်နေကျသူ့အကျင့်လေး..။
ပြီးရင် ရင်ခွင်ထဲအတင်းတိုးမယ် ပါးနှစ်ဖက်
ကိုတမွမွနမ်းပြီး သူ့ကိုစိတ်မဆိုးဖို့ပြောမယ်...။
ဒါပေမယ့် ငယ် ကိုယ် ဒီကိစ္စမှာတော့ ငယ့် ကို
လွယ်လွယ်ခွင့်လွတ်မှာမဟုတ်ဘူး ။

" ဟင်...ပြွတ်စ်...ဦး.....ပြွတ်စ်.....ငယ့် ကိုစိတ်မ
ဆိုးနဲ့တော့လေ...."

ထုံးစံအတိုင်း ပါးနှစ်ဖက်ကို ခြေဖျားထောက်
ကာအတင်းနမ်းပြီးချော့နေသည် ။ ဂုဏ့် ရင်
ခွင်ထဲရောက်နေတဲ့ ငယ့် ကိုအတင်းဆွဲထုတ်
ကာဘေးကိုတွန်းဖယ်လိုက်ပြီး အဝတ်တွေပြန်
ကောက်လိုက်ကာ အဝတ်တွေကိုဒီတိုင်းထိုး
ထည့်ထားလိုက်သည် ။

" ငါ မင်းနဲ့ခဏခွဲနေဖို့ဆုံးဖြတ်ထားတယ်... "

ခရီးဆောင်အိတ်ကို ဇစ်ဆွဲပိတ်လိုက်ပြီးအပြင်
ထွက်ဖို့ခြေလှမ်း ပြင်လိုက်တော့ ငယ် ကလက်
တစ်ဖက်ကိုလှမ်းဆွဲထားသည် ။

" ငယ် ဘာမှားနေလို့လဲ... ဦး လဲလိုချင်တာဘဲ
မဟုတ်လား...ငယ် က ယောက်ျားလေးဖြစ်နေ
လို့မပြောတာဘဲရှိမယ် ဦး စိတ်ထဲမှာတော့လို
ချင်နေမှာဘဲ "

ဂုဏ် ငယ့် လက်ထဲကရုန်းကာ ငယ် နဲ့မျက်နှာ
ချင်းဆိုင်ပစ်လိုက်သည် ။ ငယ် က ကိုယ့်အ
ချစ်တွေကိုအရမ်းကို ပေါ့ပေါ့လေးတွေးပစ်
လိုက်တာဘဲ..။

" အစကတည်းက ငါ့သွေးသားကိုမျှော်လင့်
တယ်ဆိုရင် မင်း ဆိုတာ ငါ့ဘဝထဲဝင်ခွင့်
တောင်ရလိုက်မှာမဟုတ်ဘူး ပိုးပြည့်စုံ ။ မင်း
က ငါ့အချစ်တွေကိုစော်ကားလိုက်တာဘဲ "

လက်သီးဆုပ်ထားတဲ့ ဦး လက်တွေကတင်း
ကြပ်နေကာ ဒေါသတွေကိုချုပ်ထိန်းထားဟန်
တူသည် ။

" အကျယ်မချဲ့စမ်းပါနဲ့ ဦး ရာ... နော် "

ငယ် က အေးအေးဆေးဆေးနေနိုင်ပေမယ့်
မနေနိုင်တဲ့သူက ကိုယ်လေ ငယ် ရယ် ။ ဘယ်
လိုတောင်အေးစက်နိုင်ရတာလဲ အကျယ်မချဲ့
စမ်းပါနဲ့တဲ့လား ။ ကိုယ့် စိုးရိမ်မှုတွေနဲ့ကြောက်
ရွံ့မှုတွေက ငယ့် ခြေဖျားမှာအခြေတည်တယ်
ဆိုတာ တကယ်မသိတာလား..။ ငယ့် ကိုများ
ဆုံးရှုံးလိုက်ရရင်.....

💞 Eternal Love 💞 { Completed }Where stories live. Discover now