[ဟုတ် အဟမ်း အဲ့ဒီ ငါးယောက်ထဲမှာ ၂ယောက်က အလှမက်တယ်  တစ်ယောက်က ငွေမက်တယ် နောက်နှစ်ယောက်က အသောက်အစားခုံမင်တယ် ဒေါသကြီးတယ် အကုန်လုံး က အဲ့ဒီ ဟိုစိတ်ပြင်းပြကြတယ် သူတို့က တစ်ကောင်ကြွက်တွေချည်းပဲ စိတ်ဓာတ်တွေလည်း တူညီသလောက်ပဲ ]

အော် ဟုတ်ပြီ အခု ငါကြည့်ကောင်းလား

[ကြည့်ကောင်းတယ် ဘာလို့လဲ မဟုတ်မှလွဲရော Host ]

အေး မင်းထင်တဲ့အတိုင်းပဲ ငါ ဘယ်လိုနေရင် ပိုပြီး ဆွဲစားချင်စရာကောင်းတဲ့ပုံစံဖြစ်မလဲ

[Sexy ကျတာကို ပြောတာလား Host အဲ့တာဆို ဘောင်းဘီချွတ်လိုက်ပါ Host အပေါ်က ထပ်ဝတ်ထားတဲ့ အပေါ်ထည်ကိုချွတ်လိုက်ပါ ဆံပင်လေးကိုဖွလိုက် မျက်နှာလေးကို ငယ်လိုက် နူတ်ခမ်းလေးကို  ]

ရပြီ မပြောနဲ့တော့ တော်ပြီ မင်းပြောတာတွေအကုန်လိုက်လုပ်ရင် ငါ မပြေးလိုက်ရဘဲ သေနေမှာ

[ဒီက စေတနာနဲ့ ]

အေးပါ အဲ့လို စေတနာနဲ့ ပြောလို့ ကျေးဇူးပါ ငါ လှုပ်ရှားတော့မယ် ငါ့ကို ကြည့်မနေဘဲ ငါ့ရဲ့ ဖူးစာရှင်လေးကို ငါ့ကို ကယ်ဖို လွှတ်ပေးအုန်း

[ဟုတ် အတတ်နိုင်ဆုံး ကူညီပါ့မယ် Host ကံကောင်းပါစေ ]

"အင့် ဟင့် ဘယ်သူရှိလဲ ''

ညုတုတုအသံလေးလုပ်ကာ ငနာငါးကောင်ကြားအောင် အသံပြုလိုက်သည်။

"ဟေ့ သူနိုးလာပြီထင်တယ် ငါသွားကြည့်မယ် ''

"ငါတို့လည်းလိုက်မယ် ''

ပထမတစ်ယောက်ရဲ့စကားကို နောက်လူလေးယောက်က တစ်ပြိုင်တည်း ဖြေသည်။

ခြေလှမ်းတွေ ရဲ့ အသံကိုရှောင်းကျန့်ကြားနေရသည်။

လျင်မြန်စွာ ပုံစံလေးကို နွဲ့လိုက်ရင်း
ဖွင့်လာမည့်တံခါးဘက်အားကျောပေးလိုက်သည်။

ကျွီ

Top ၅ ဦး သည် တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည့် မြင်ကွင်းကြောင့် တံတွေးသာ မျိူချမိတော့သည်။

အဝတ်တွေကို အခန်းထဲမှာ ဟိုတစ်စဒီတစ်ထည် ပျံ့ကျဲထားသည့် အလှလေး။

Peculiarly System [Completed ]Where stories live. Discover now