ထိုအထိပွဲကအဆင်ပြေနေပေမဲ့ ပြသနာက ရုံးအဖွဲ့တွေနဲ့ ရှောင်ကျန့်ရဲ့ဗရုတ်သုပ်ခဟို၂ကောင်က အနမ်းပေးဖို့ ဇွတ်တွေအော်နေကြတာပင်...

"နမ်းပါ... နမ်းပါ... နန်းပါ... "

ရှောင်ကျန့်နေရထိုင်ရခက်လာသည် သူနဲ့ရိပေါ်လက်ထပ်ဖြစ်သွားတဲ့ အကြောင်းသူတို့သာအသိဆုံး နမ်းဖို့ကတော့.....

~~~အင့် ~~~

သူ့နှုတ်ခမ်းနဲ့ထပ်တူကျနေတဲ့ နွေးနွေးအိအိနှုတ်ခမ်းလေး...
ဘာလဲ အခုငါအနမ်းခံလိုက်ရတာလား
ငါ့ရဲ့ပထမဆုံးအနမ်းလေ ကုန်ပါပီဖွားရေ...
ပတ်ဝန်းကျင်ကအသံတွေအကုန်တိတ်ဆိတ်သွားသည်အထိ ရှောင်ကျန့်စိတ်လွတ်သွားတော့သည်...

ဧည့်သည်များကိုလိုက်လံဧည့်ခံပြီး ၃နာရီကြာကျင်းပတဲ့ပွဲ ပြီးဆုံးသွားခဲ့ပြီ....

အိမ်ပြန်ရောက်တဲ့အချိန် ဖွား ပါပါးနဲ့မာမားတို့ကို ကန်တော့ပြီး အနားယူဖို့ အခန်းထဲဝင်ဖို့လုပ်တော့ မာမားက...

"ကျန့်ကျန့် အဝတ်တွေ ရိပေါ်အိမ်ကိုပို့ထားတယ်နော်. "

"ဟင် သားအခန်းကဘာဖြစ်လို့လဲ "

"အော် ရိပေါ်အိမ်လေးကသီးသန့်ဖြစ်တယ်လေ"

"မာမားကလဲ သားအခန်းကသူ့အိမ်ထက်ကျယ်တယ်လေ.."

"ကြင်စဦးဆိုတော့..ဟို သားတို့လွတ်လွတ်လပ်လပ်နေလို့ရတာပေါ့"

မာမားဘာကိုဆိုလိုမှန်း ရှောင်ကျန့်သိသည်မို့ ရှက်စိတ်ဝင်ကာ မျက်နှာကြီးရဲလာတော့သည်။

"မာမားကလဲ"

ပါပါးကတော့စိတ်ဆိုးမပြေသေးဘူးထင်ပါတယ် ဘာတခွန်းမှမပြောပေ...

ရိပေါ်အရင်သွားနှင့်တာကြောင့် ရှောင်ကျန့်သူ့အခန်းထဲကနေ ရိပေါ်အိမ်လေးစီလာခဲ့လိုက်သည်..တံခါးဖွင့်လိုက်တာနဲ့ နှင်းဆီရနံ့သင်းသင်းလေးကိုရလိုက်သည်မို့ ပင်ပန်းတာတဝက်လောက်လျော့သွားသည်။

ပထမဦးဆုံးရောက်ဖူးတာမို့ မျက်စိကစားကြည့်လိုက်တော့ အရိုးရှင်းဆုံးအိမ်လေးပင် လိုအပ်တဲ့ပစ္စည်းတွေပဲ နေရာတကျစီရီထားပြီး ဧည့်ခန်းတွင် TV ကြည့်ရန်၂ယောက်ဆိုဖာတစ်လုံးနဲ့ ဖန်စားပွဲလေးတလုံးပဲထားထားသည်။

Game Of LifeWhere stories live. Discover now