ကောင်လေးတစ်ယောက် တောက်ခေါက်ကာ ထွက်သွားသည်ကိုတော့
ပရင်းတို့ မသိလိုက်ပေ ။

...................

"ပရန်နွတ် ''

"ပရာစဝ်ဝမ် ဘယ်လိုရောက် လက်မှာလည်း သွေးတွေ ''

"ဟုတ်တယ် ငါ့ကို ဆေးထည့်ပေး ''

"မင်းက ဘာလို့အဲ့လောက်ထိ ဒေါသထွက်ရတာလဲ ဘာဖြစ်လာတာလဲ ''

"ပရင်းက ဂျော့်ကိုချစ်တယ်တဲ့ ''

"ပရင်းကြောင့် မင်းအဲ့လို့ဖြစ်လာတာပေါ့ ''

"ဟုတ်တယ် ငါရုံးခန်းထဲကထွက်တော့
ဂျော့်က ပရင်းကို ချစ်ခွင့်ပန်နေတာ ''

".....''

"ပြီးတော့ ပရင်းက သေချာစဉ်းစားနေတာ နောက်တော့ ပရင်းက သူ့ကို ချစ်တယ်လို့ပြောတာ ကွာ ''

"အင်း မင်းပရင်းကိုတကယ်ချစ်တယ်မလား ပရင်းကိုပျော်အောင်ထားပေးလိုက်ရအောင် ''

"ဒါပေမယ့် ငါက ''

"ဖြည်းဖြည်းချင်း မေ့ပေါ့ အချိန်က ကုစားသွားမှာပါ ''

"....''


"ရပြီ ပိုက်ဆံမပေးနဲ့တော့ သွားလို့ရပြီ ''

"မင်းကရော ပရင်းကို မချစ်တော့ဘူးလား ''

"မရနိုင်တဲ့ အရာကို မမျှော်လင်ဘူး ငါသူ့ကိုချစ်ပေမယ့် သူက ငါ့ကို မချစ်ဘူး လေ ငါက သူအမုန်းခံပြီး ရှေ့တိုးမှာမဟုတ်ဘူး ''

".....''

"မင်း သေချာ စဉ်းစားပါ ''

"သွားတော့မယ် ကျေးဇူးပါ ''

ဝမ်သည် နွတ်၏ နားနေခန်းမှ ထွက်လာခဲ့ရင်း မထင်မှတ်ဘဲ မေရမ်နဲ့ တွေ့လိုက်ရသည်။

"မင်္ဂလာပါ အစ်ကို ဝမ် ''

"မင်္ဂလာပါ ''

ပုံမှန် နူတ်ဆက်ပြီး ကိုယ့်လမ်းကိုသာ
ဆက်လျှောက်ခဲ့ကြသည်။

.......................

"ခဏနေရင် လှုပ်ရှားလိုက်တော့ ကျွန်မက အမေ့ကို ခေါ်ပြီး အပြင်သွားမယ်''

"စိတ်ချပါ နီ အဲ့ဒီ ကလေးကို အစအနဖျောက်ပစ်မှာပါ ''

"ကျွန်မစိတ်ချမယ် အလုပ်သမားတွေလည်း အလုပ်သမားတန်းလျားကိုပြန်ပြီးနားခိုင်းထားတယ်''

Peculiarly System [Completed ]Where stories live. Discover now