အပိုင်း(၁၇)ရှာလကာရည်မှောက်ခြင်းနှင့် လွတ်သွားသောမြေခွေး

Start from the beginning
                                    

ညဏ်းဧကရာဇ်က သူ့မျက်ခုံးတွေကို တွန့်ချိူးထားဆဲပါပဲ သူ့လက်ထဲကဖုန်းကို နေအဂ္ဂါမျက်စိရှေ့တည့်တည့်ကိုမြှောက်ပြရင်း မကျေမနပ်ဖြစ်နေတဲ့လေသံနဲ့ပြောလိုက်တယ်

"မင်းမျက်လုံးနဲ့သေချာကြည့် မင်းသူ့လက်ကိုကိုင်ထားတယ်လေ ကိုင်ထားတာတောင်မှအရမ်းကိုကျေနပ်ပီတိဖြစ်နေတဲ့ရုပ်မျိူးနဲ့"

နေအဂ္ဂါက ညဏ်းဧကရာဇ် မေးဖျားကိုဆွဲမော့လိုက်ပြီး သွယ်လျလျမေးရိုးလေးကို မွတ်မွတ်သိပ်သိပ်နမ်းရှိုက်လိုက်သည် ပြီးနောက်လည်တိုင်ကို လက်ချောင်းတွေနဲ့ မထိကလုတ်ထိကလုတ် ပွတ်ဆွဲနေပြီးတော့ ညဏ်းဧကရာဇ်ရဲ့လည်ဇလုတ်လေးကို ငုံခဲလိုက်တယ် ညဏ်းဧကရာဇ်က သူ့လည်တိုင်ပေါ် ဆော့ကစားနေတဲ့နေအဂ္ဂါရဲ့လက်တွေကို ဖမ်းဆုတ်ထားလိုက်တယ်

"ငါမင်းကို ဖြေရှင်းချက်ပေးခိုင်းနေတာ"

"Sorry ကိုယ်စိတ်လွတ်သွားတယ် မင်းရဲ့သဝန်တို​နေတဲ့အမူအရာလေးကချစ်ဖို့ကောင်းလို့"
နေအဂ္ဂါက ထပ်ပြီးတော့အသိစိတ်လွတ်သွားပုံပေါ်သည် ညဏ်းဧကရာဇ်ရဲ့ပါးနှစ်ဖတ်ကို သူ့လက်တွေနဲ့ဖျစ်ညှစ်လိုက်ရင်း စိတ်ရှိသလိုနမ်းလိုနေတယ် သူ့နှုတ်ခမ်းတွေ ညဏ်းဧကရာဇ် နှုတ်ခမ်းနဲ့ထိတွေ့သွားချိန်မှာတော့ ညဏ်းဧကရာဇ်က ဒီထက်ပိုပြီးထိန်းချူပ်မထားနိုင်တော့တာကြောင့် နေအဂ္ဂါရဲ့လျှာကိုသူ့လျှာနဲ့လုံးထွေးရစ်ပတ်လိုက်ပြီးနောက် ခပ်ဖွဖွလေးကိုက်လိုက် နမ်းလိုက်လုပ်နေတယ် အောက်စီဂျင်ပြတ်လပ်သွားတဲ့အချိန်မှ သူတို့နမ်းတာကိုရပ်လိုက်ကြပြီး နေအဂ္ဂါက မောဟိုက်နေပြီးအသက်လုရှူနေရတာကြောင့် ခပ်တိုးတိုးလေးပြောလိုက်တယ်

"မင်းစိတ်ပူစရာမလိုပါဘူး ရိုက်ကူးရေအဖွဲ့ကကြည့်ရှင်းလိမ့်မယ် သူတို့မရှင်းပေးရင်တောင် ထွဋ်ခေါင်ကိုရှင်းခိုင်းလို့ရတယ် ကျေနပ်ပြီလား"

ညဏ်းဧကရာဇ်က  နှုတ်ခမ်းလေးကိုထပ်ပြီးဖိကပ်လိုက်ရင်း ချိူင်းအောက်ရနေပွေ့ချီလိုက်ရင်း အိပ်ခန်းရှိရာဆီသို့ဦးတည်လိုက်တယ် နေအဂ္ဂါကိုမွေ့ယာပေါ်ပစ်တင်လိုက်ပြီး သူ့ခါးကခါးပတ်ကိုဆွဲချွတ်လိုက်ပြီး နေအဂ္ဂါကိုအုပ်မိုးလိုက်တယ် သူ့နှုတ်ခမ်းတွေက နေအဂ္ဂါလည်တိုင်ပေါ် သွားလာလှုပ်ရှားနေပြီး အရာထင်တဲ့အထိ ကိုက်လိုက် အာဒန်ပန်းသီးလေးကို ဖြည်းဖြည်းချင်းစုတ်လိုက်လုပ်နေတယ် အဲ့ဒီအချိန်မှာပဲ နေအဂ္ဂါရဲ့ ဗိုက်ထဲက ဂွီဂနဲမြည်သံတစ်ခုထွက်လာပြီး သူတို့လုပ်ဆောင်ချက်တွေကို ရပ်တန့်စေခဲ့တယ် နှစ်ယောက်လုံးက ခပ်ရှက်ရှက်အမူအရာတွေဖြစ်နေပြီး ညဏ်းဧကရာဇ်က နေအဂ္ဂါအပေါ်မှအုပ်မိုးထားခြင်းကို ဖယ်ရှားလိုက်ရင်း မေးလိုက်တယ်

Before I Fall You[Completed]Where stories live. Discover now