"ရိပေါ်နဲ့သားဘာမှမတော်စပ်ဘူးဆိုတာ မာမားတို့အသိဆုံးမလား "

"ရှောင်ကျန့်...မင်းတို့ကိစ္စကို အသိပေးဖို့မိဘတွေရှိသေးတယ်ဆိုတာမသိခဲ့တာလား ဟမ်.."

"ပါပါးတို့ကရော မိသားစုပြိုကွဲတဲ့ကိစ္စမှာ သားတစ်ယောက်လုံးကိုအသိမပေးပဲလုပ်ချင်တာလုပ်ခဲ့ကြတာပဲမဟုတ်ဘူးလား "

ပါးနဲ့ရှောင်ကျန့်မျက်နှာချင်းဆိုင်အ ချေတင်တွေဖြစ်ကုန်တော့ ရိပေါ်စိုးရိမ်၍ရှောင်ကျန့်အနားကပ်လိုက်တဲ့အချိန်....

"ရှောင်းရှောင်ကျန့်..."

.....ဖြန်း......

"ကျန့်ကျန့် ..."

ရုတ်တရက် ပါပါးရိုက်ချလိုက်တာကြောင့် ရှောင်ကျန့်မျက်ဝန်းအစုံကိုမှိတ်ချလိုက်ပေမဲ့... အသ့သြာမြည်သွားတယ် ပါးပြင်ပေါ်အထိတွေ့တစ်စုံတစ်ရာမရှိ
ရှောင်ကျန့် အသာယာမျက်လုံးဖွင့်လိုက်တော့...သူ့ရှေ့ကနေအရိုက်ခံလိုက်တဲ့ရိပေါ်ကိုတွေ့လိုက်၍ စိုးရိမ်သွားကာ...

"ဝမ်လေး...."
ပထမအကြိမ် ပါပါးတို့ကိုရွဲ့ချင်စိတ်နဲ့ခေါ်ခဲ့ပေမဲ့ အခုတစ်ခေါက်ကတော့ ရင်ထဲကခေါ်လိုက်မိတယ်ဆိုတာကို ရှောင်ကျန့်သတိမထားမိခဲ့ပေ...

"ပါး...ကျွန်တော်အမှားပါ ကျွန်တော့်ကိုကြိုက်သလိုအပြစ်ပေးပါ ကျန့်ကောကိုတော့ မရိုက်ပါနဲ့ "

ရိုက်ခံလိုက်ရတာရိပေါ်ဆိုပေမဲ့ ငိုနေမိသူကရှောင်ကျန့်ပင်  *ပါပါးကငါ့ကိုရိုက်ဖို့လုပ်လိုက်တာလား...အသံကျယ်ကျယ်တောင်မပြောဖူးခဲ့တဲ့ပါပါးကလေ... တောက်... အဲဒါဟိုမိန်းမကြောင့် မင်းကိုငါမုန်းတယ်ရှုမိန်*

"ရိပေါ်လေး.. နာသွားလားသား မားကိုပြဦး...
ဒီမှာ ရှင် ကျမသားတွေကိုလက်ပါစရာမလိုဘူး ပါးစပ်နဲ့ပြောလို့ရတယ် "

ပါးပြင်လေးကို ပွတ်ပေးရင်း ကာကွယ်ပြောနေတဲ့ မားကြောင့် ရိပေါ်ရင်ထဲနွေးထွေးသွားသည်....

"ဘာတွေဖြစ်နေကြတာလဲ"

အိမ်ရှေ့ကအသံလာရာ အကုန်လုံးအကြည့်ရောက်သွားတော့....

"ဖွား..."
ရှောင်ကျန့် ဝမ်းနည်းစိတ်နဲ့ ဖွားကိုပြေးဖက်လိုက်မိသည်။

Game Of Lifeजहाँ कहानियाँ रहती हैं। अभी खोजें