ထိုအခါမှ တချိန်လုံးတိတ်နေသော ညီတော်မောင် က

'ကိုကို သူတို့က သွားစရာ ရှိ ရှိ...
မင်းပါးစပ်ပိတ်ထား ဟူသည့် အကြည့်တချက် လှမ်းကျွေးလိုက်တာနဲ့တင် တခါတည်း ငြိမ်ကျသွား
သူနဲ့ ညီ က ထိုသို့ပင် တစ်ယောက် နဲ့ တစ်ယောက် လူကြားထဲဆို အကြည့်နဲ့တင် အဆင်ပြေ
ညီ တခုခုပြောချင်လာလို့ သူ့ကိ​ု ကြည့်လျှင်လည်း သူ အဓိပ္ပာယ်ပေါက်သည်
ထိုင်ရမလို ထရမလို ဖြစ်နေတဲ့ကောင်လေးတွေ ဘက်လှည့်ပြီး

'ဘာစားမလဲ မှာလေ ... ဒီည ဘာနဲ့ဘာလဲကွ
​လက်ဖက်ရည် တကျိုက်ကျိုက်ရင်း ဟန်မပျက် စကားဝင်ထောက်တော့

'မန်ယူ နဲ့ အာဆင်နယ်လေ အကို
ရဲရဲ မန်ယူဘက်ကပဲ လောင်းမှာလား

ပြီးခဲ့တဲ့ အပတ်က အကို့ညီလေ 30000 လောက်ထိထားတာ
ကျနော်တို့ပြောတယ် ကျနော်တို့လိုလောင်းဆိုတာကို ပြောမရဘူး '

30000 ကြားလိုက်တော့ လက်ဖက်ရည်ကိုင်ထားတဲ့လက်က တဆတ်ဆတ်တုန်လာသည်
သူ့ကို လှမ်းခိုးကြည့်လိုက်တာနဲ့ မျက်လုံးချင်းဆုံတော့  ချက်ချင်း ခါးကိုမတ်ပြီး ခေါင်းကိုတန်းငုံ့သွားတာများ
သူ့ဘော်ဒါတွေကိုလည်း ပိတ်မနိုင်တော့ဘူးထင်ပါတယ်

'အင်း ဟင်း ဒီကောင်က အရမ်းခေါင်းမာတာ
ညီလေးတို့ရော ဘာအလုပ်လုပ်ကြလဲ '

'ကျနော့် အလုပ်လား ... ဟီး လည်ရာ ပြန်စားရေး အကို ...'

'ဪ ဪ အလုပ်မရှိဘူး ဆိုပါတော့ ... မင်းကရော '

' ဟို ... ကျနော်က အိမ်ကကျွေးနိုင်တော့ အလုပ်မရှာသေးဘူး .... အကို ... ဟီး'

'ဪ ... အိမ်ကကျွေးထားတော့ လောင်းကစားလေးလုပ် လက်ဖက်ရည်ဆိုင်ထိုင် ဖြုန်းကောင်းတုန်း ဆိုပါတော့ ...

'ဟီး .... အ့လိုလည်း မဟုတ်ပေမဲ့ အ့လိုတော့ ဖြစ်သွားတယ် အကို ...

'အင်း အင်း .... မင်းတို့အရွယ်တွေက တိုင်းပြည်အတွက်သိပ်ကိုအဖိုးတန်တယ်
တိုင်းပြည် အနာဂါတ်က မင်းတို့လက်ထဲမှာ
အကို တကယ် နှမြောတယ်ကွာ
အလုပ်လုပ်ချင်စိတ်လေးများ ဖြစ်လာခဲ့ရင် အကို့ကို လာရှာနော် အချိန်မရွေး ကူညီပေးမယ် '

'ဗျာ .... ဟုတ် ဟုတ် အကို
အခြေအနေ မဟန်တော့ အချင်းချင်း မျက်စပစ်လျက်

'ဟိုလေ အကို အိမ်က ခိုင်းထားတာလေး ရှိလို့ ..... အ့ဒါ ခွင့်ပြုပါဦးနော်
လစ်ကြပြီလေ

'ရဲရဲ ငါတို့ ငါတို့ သွားမယ်နော် ... ဖုန်းဆက်လိုက်နော် ညကျရင် ....
သူတို့ယောက်ဖကိုလည်း နှုတ်ဆက်ဖို့မမေ့
သူ့ရှေ့မှာတောင် ဖုန်းဆက်ချိန်းနေသေး

'ဒီညတော့ မင်းတိ​ု့သူငယ်ချင်း မင်းတို့နဲ့ အတူတူ ပိုက်ဆံဖြုန်း အာ sry ဘောပွဲလောင်းဖြစ်မှာမဟုတ်ဘူး ညီတို့ပဲ လောင်းလိုက်ကြတော့နော်.... အဟင်း '

'ဗျာ ... ဟု ဟု အကို ကျနော်တို့ပြေး အဲ သွားတော့မယ်နော်

'ကောင်းပါပြီ ..'

ညီ့ကို တချက်ကြည့်လိုက်တော့ ချွေးစီးတွေတောင် ပြန်နေရှာပြီသူ့ဘဝသူတော့ သိသား

'ဦးအောင် ရေ ကျွန်တော် ဒီမှာ ခုဖိုးရော ဒီကောင့် အကြွေးတွေရော ရှင်းခဲ့ပြီနော် ....
နောက်ကို အကြွေးမရောင်းနဲ့နော် ဦးအောင်....ကျွန်တော့်အကြောင်း ဦးအောင် သိတယ်နော်
ပိုက်ဆံပါမလာရင် ဆိုင်ရှေ့မှာပဲ မျှော်ခိုင်း ဆိုင်ထဲတောင် ဝင်မထိုင်ခိုင်းပါနဲ့လို့

'ဟေ .... အေး ... အေးပါကွာ... ငါ သဘောပေါက်ပါပြီ....

သူပြန်ဖို့ထတော့ ထမလာ
လက်မောင်းကိုဖျစ်ညစ်ပြီး ထခိုင်းတော့မှ ကိုယ်တော်က လေးကန်ပြီး ရပ်သည်
သူ ရှေ့ကသွားတော့ နောက်က ပါတော့ ပါလာရှာသည် မပါလာလို့လည်း ရမလားနော်

......
နည်းနည်းနားမယ် ခလေးတို့
ဒါနဲ့ ယူတို့ အဆိုးလေးက အမွှေစိန်နော် ...

Sweet December ❄️Where stories live. Discover now