'ဟို ညီ သုံးတာ နည်းနည်းများသွားလို့ နည်းနည်းလေးပဲ အကြွေးတင်တာပါ ကိုကိုရဲ့ ...ဟီး'

'ဘလောက်လဲ .... ဦးအောင် ...ကျနော် တခါတည်း ပေးခဲ့လိုက်မယ်....'

'မများပါဘူးကွာ .... 12000 ထဲပါ ...

တစ်ခွက်မှ 800 ကို 12000 ဖိုးတောင် အကြွေးယူထားတယ်ဆိုတော့ ညီ့လစာ တွေ ဘယ်ရောက်ကုန်လဲ
ခုမှ လကုန်ဖို့ 10ရက်တောင်လိုသေးတယ်
ဈေးဖိုးက ဖေဖေတို့အပ်ခဲ့တဲ့ ပိုက်ဆံတွေ ဘဏ်ထဲအပ်ထားရာက ရတဲ့ အတိုးနဲ့ ဖေ့ဖေ့ပင်စင်လစာတွေနဲ့ တစ်ပတ်စာ ရက်တွက်ပြီး သူထုတ်ပေးနေတာ
တခါတလေ သူ့လစာထဲက မုန့်ဖိုးပေးတဲ့ အပတ်တွေကရှိသေး
180000 က သူတစ်ယောက်တည်းအတွက် လုံလောက်တာထက် ပိုတယ်
ရဲဆက်သွင် ရဲဆက်သွင် သူပြန်မလာဖြစ်တဲ့ weekened တွေ သူလိုက်မပြောနိုင်တဲ့ week days တွေမှာ ဘာတွေလုပ်နေလဲ
လူက အလယ်တန်း ကျောင်းဆရာ ကျောင်းမှာတော့ သူ့ကို ခလေးတွေ ချစ်ကြောက်ရိုသေကြသတဲ့ အိမ်မှာဆိုရင်တော့ ပုဆိုးကွင်းလုံးချွတ်ပုံတာကအစ သူလိုက်ပြောနေရတယ်
သူဆူလိုက်ရင်လည်း ဖြစ်သွားတဲ့ရုပ်က သူ့တပည့်ခလေးတွေအသက်အရွယ်လောက်ကို ဖြစ်သွား
သူ့ခလေးတွေဆီက ဓာတ်ကူးလာတာမျိုး
အိမ်ကျရင် တွေ့ပြီပေါ့ကွာ
ထိုစဉ် ညီ့ ပုခုံးကိုပုတ်ပြီး ဟိုဘက်ရပ်ကွက်က ဖြစ်ဟန်တူတဲ့ ညီ့အရွယ် ကောင်းလေးနှစ်ယောက် ပြောလိုက်သော စကားကြောင့် သူရှင်းရှင်းလင်းလင်းကို သိသွားလေပြီ

'ဟျောင့် ရဲရဲ ဒီည ပွဲကောင်းတယ်နော် အပေါ်ကြေးလား အောက်ကြေး လား
ဒီနေ့တော့ သေချာလုပ်ဟ မင်း ဟိုနေ့က ထိထားတာ မနည်းဘူးမလား

ညီ့ မျက်နှာကို လှမ်းကြည့်လိုက်တော့ အပျက်ပျက်အယွင်းယွင်းနဲ့ သူ့ဘော်ဒါကို မျက်စမျက်နနဲ့အချက်ပြနေလေရဲ့ ထိုကောင်လေးတွေကလည်း ပါးနပ်ပုံမပေါ်
သူ့ကိုလည်း မသိ သူကလည်း အပြင်မှ သိပ်မထွက်ဖြစ်တာ
သူ့ရှေ့ကျရင်တော့ ညီက အိမ်နဲ့ကျောင်းပဲ သိတဲ့ ကောင်လေး တကယ်တော့ ဒင်းက ကုတ်ကမြင်းဖြစ်နေတာ

သူ ထိုကောင်လေးတွေဆီက ထပ်သိရမှ ဖြစ်မည်

' ထိုင်လေ ညီတို့ အကို ဒကာ ခံမယ်
အကိုက ရဲရဲ ရဲ့ အကို ဖြိုးဆက်သွင်ပါ '

Sweet December ❄️Where stories live. Discover now