အပိုင်း(၁၆)phone call

Start from the beginning
                                    

"မင်းလည်းအမြန်ပြင်တော့ ဒီနေ့ရိုက်ကူးရေးရှိတယ်မဟုတ်လား"

ညဏ်းဧကရာဇ်က နေအဂ္ဂါရဲ့မေးဖျားလေးကိုဆွဲမော့လိုက်ပြီး နှုတ်ခမ်းဖျားလေးကို ခပ်ဖွဖွကိုက်ရင်းပြောလိုက်တယ်

"အင်း.... မနက်ဖြန်ချိန်းထားတာမမေ့နဲ့"

နေအဂ္ဂါကအလွန်တရာလေးလံတဲ့ ဖြေဆိုသံတစ်ခုကိုပြုလိုက်ပြီး စိတ်မပါလက်မပါရေချိူးခန်းထဲဝင်သွားတယ် သေချာတာပေါ့သူမဝင်သွားခင် ညဏ်းဧကရာဇ်ကိုနောက်တစ်ခေါက်အနမ်း​ပေးဖို့လည်း မမေ့လျော့ခဲ့ပါဘူး ထုံးစံအတိုင်းပါပဲ နေအဂ္ဂါရေချိူးခန်းထဲကပြန်ထွက်လာတဲ့အခါ ညဏ်းဧကရာဇ်ကပြန်သွားနှင့်ခဲ့ပြီ

နေအဂ္ဂါက ရိုးရှင်းလှတဲ့သူ့ရဲ့မနက်ခင်းလုပ်ငန်းဆောင်တာကြီးကိုလုပ်ဆောင်လို့အပြီးမှာ​
တော့ခါတိုင်းလိုပဲ အောက်ထပ်ကစောင့်နေကျထွဋ်ခေါင်ကို ရောက်လားမရောက်လား ဖုန်းဆက်အတည်ပြုလိုက်တယ်

"ရောက်ပြီ"ဆိုတဲ့ ထွဋ်ခေါင်အသံကိုကြားပြီးနောက် အောက်ထပ်ကိုဆင်းပြီး ကားပေါ်တက်လိုက်တယ် သူအိမ်ပြန်ရောက်တော့ ညဆယ့်နှစ်နာရီတောင်ထိုးနေပြီဖြစ်ပြီး လက်လေးတစ်ချောင်းတောင် မလှုပ်နိုင်တော့လောက်အောင်ပင်ပန်းနေပြီ ကံကောင်းစွာနဲ့ မနက်ဖြန်ကအားလပ်ရက်ဖြစ်တာကြောင့် နောက်ကျတဲ့အထိအိပ်လို့ရပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် အများပြည်သူရုံးပိတ်ရက်နဲ့တိုးတာကြောင့် ညဏ်းဧကရာဇ် နဲ့ အေးအေးဆေးဆေး တွေ့လို့ရပြီ မနက်ဖြန်က သူအချိန်အကြာကြီးစောင့်မျှော်နေခဲ့ရတဲ့နေ့ပဲ နှစ်ရက်လောက်နားပြီးတာနဲ့ သူရိုက်နေတဲ့ရုပ်ရှင်ရဲ့ ဇတ်ဝင်ခန်းတစ်ချို့အတွက် ဘန်ကောက်ကိုတစ်ပတ်လောက်သွားရတော့မှာဖြစ်တယ် အဲ့ဒီ့အတွက်တော့ သူကြိုတင်ပြီးစိတ်မကောင်းဖြစ်မနေတော့ဘူး မနက်ဖြန်အတွက်ပဲသူကအဆုံးအစွန်ထိတွေးထားတာ အဲ့ဒီ့နေ့ညက အတော်လေးပင်ပန်းနေခဲ့ပေမယ့်လည်း နေအဂ္ဂါကအပြုံးတွေနဲ့အတူအိပ်ပျော်သွားခဲ့တယ်

အရက်ဘားတစ်ခုရဲ့ အဖျော်ကောင်တာမှာဖြစ်သည် ပီယာနိုသံငြိမ့်ငြိမ့်လေးတစ်ခုသာပျံ့လွင့်နေပြီး လူအတော်ရှင်းနေတာကြောင့် ပတ်ဝန်းကျင်က ကော်ဖီဆိုင်လေးတစ်ခုနဲ့တောင်ဆင်သည် ကောင်လေးနှစ်ယောက်က ဘေးချင်းကပ်ထိုင်ခုံပေါ်ထိုင်ရင်း အရက်ခွက်ကိုယ်စီကိုင်၍ စကားပြောနေကြရာ လေထုအခြေအနေက အတော်လေးသက်သောင့်သက်သာ ရှိလှသည်

Before I Fall You[Completed]Where stories live. Discover now