ရန်ကုန်နေသည် အတော်ပင်ပူလှသည်။ အအေးပိုင်းမှ လာသည့် သူ့အတွက် အပူဒဏ်က နည်းနည်းတော့ စိတ်ညစ်စရာကောင်းလှ၏။ ဒီဇင်ဘာသည် အရိပ်အနည်းငယ်ရသော အုတ်ခုံထောင့်စွန်းလေးတွင် ထိုင်နေသော်လည်း ချွေးများက နားထင်မှ စီးကျလာကာ ကျောပြင်တစ်လျှောက်လည်း စိုရွဲနေသည်။

" ဟို ကိုကို့ကို ဖုန်းဆက်ပေးထားတယ် လာနေပြီလို့တော့ ပြောတယ် "

ကောင်မလေးက ခဏကြာတော့ အိမ်ထဲမှ ပြေးထွက်လာ၍ လာပြောလေသည်။ ဒီဇင်ဘာက ပြုံးကာခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သိပ်မကြာလိုက်ပါ။ အိမ်စီးကားလေးတစ်စီးသည် သူထိုင်နေသည့် ခြံရှေ့၌ ထိုးရပ်သွားသည်။ သူသည် ခေါင်းကိုမော့ကို ကြည့်လိုက်ရာတွင် ကားထဲမှ သော်စစ်နိုင်သည် အံ့သြနေဟန်ဖြင့် သူ့နားသို့ ခပ်မြန်မြန်ရောက်လာ၏။

" မင်း ဘယ်လိုဖြစ်ပြီး "

" မင်းကိုမှ အဆက်အသွယ်မရတာ ။ ဒါကြောင့်ကိုယ် စိတ်ပူလို့လိုက်လာတာ ။ မင်းဘယ်ကိုသွားသွား ၊ ဘယ်နေရာရောက်ရောက် ကိုယ်မင်းဆီ အရောက်လာမှာပဲ  "

ထိုစကားကို ဒီဇင်ဘာက ခပ်တိုးတိုးလေး ကပ်ပြောလိုက်သည်။ သူကတစ်ဆက်တည်းမှာပဲ ကားပေါ်မှဆင်းလာသည့် သော်စစ်မေမေအ ကြည့်ကာ ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

" အန်တီ မတွေ့တာကြာပြီနော် ။ နေကောင်းရဲ့လားဗျ "

သော်စစ်အမေသည် ဒီဇင်ဘာအား မမှတ်မိသောကြောင့် သူမက ပြုံး၍ ခေါင်း​ငြမ့်ပြသော်လည်း ဇဝေဇဝါဖြင့် စိုက်ကြည့်နေသေးသည်။ ထို့ကြောင့် ဒီဇင်ဘာက သူမ အနားသို့သွားကာ ပြုံး၍

" ကျွန်တော့်ကို မမှတ်မိဘူးထင်တယ် ။ ကျွန်တော် ဒီဇင်ဘာလေ ။ အထက်တန်းတုန်းက သော်စစ်သူငယ်ချင်းပါ ။ ဒီအိမ်မှာတောင် စာခဏခဏလာလုပ်ဖူးတယ်လေ အန်တီ "

"သြော်......မင်းကို ။ အရပ်ကြီးရှည်ပြီး ချောလာတော့ အန်တီက မမှတ်မိလိုက်ဘူးကွယ် စိတ်မရှိနဲ့နော် "

" ဟုတ် ရပါတယ် ။ အန်တီလည်း ပိုလှလာတယ်ဗျ "

ဒီဇင်ဘာသည် ရိုရိုကျိုးကျိုးပင်ချီးကျူးလိုက်တော့ သော်စစ်အမေက သဘောကျစွာရယ်လေသည်။

အချစ်ဦး (အခ်စ္ဦး) (Completed )Where stories live. Discover now