အပိုင်း - ၂၈ [ Zawgyi ]

Start from the beginning
                                    

သူ့စိတ်အခြေအနေက လေးစားနေသလို ရှုပ်လည်းရှုပ်ထွေးနေတယ်။ လေးစားဖို့ကောင်းချက်... လင်ရှန်းက မော့ကျူးချန်ရဲ့အာရုံစိုက်မှုရသွားတာ အံ့ဩစရာမရှိတော့ဘူး။ ရှုပ်ထွေးတာကတော့ ဒီဟာက အရမ်းကို ချဲ့ကားပြောခဲ့တာဖြစ်လို့ ဖဲချပ်တွေကိုတောင် အစဉ်လိုက်အတိုင်း မထုတ်နိုင်တော့သလောက်ပဲ! [ T/N : ဒီနေရာကို သိပ်နားမလည်လို့ပါ ]

အချစ်အတွက် မနက်စာကောင်းကောင်းက ဂျုံပေါင်မုန့်လုံးဖြစ်လိုက် ကြက်ဥပြုတ်ဖြစ်လိုက်နဲ့။ အဲ့တာတွေက သာမန်ကာလျှံကာနဲ့ အတော်ကြီး စိတ်ရှုပ်စရာကောင်းမှန်း သိသာတယ်။

"ဘော့စ်" တောက်ရန် မခိုးမခန့်ပြုံးလိုက်တယ်။

သူ့နှုတ်ခမ်းထောင့်တွေက ကော့တက်နေပြီး သတိပေးတဲ့အနေနဲ့ မော့ကျူးချန်လက်ကို အသာဆွဲလိုက်တယ် "မနေ့တုန်းက ပြောခဲ့တာကို မမေ့နဲ့နော်"

တောက်ရန် ပြောပြီးတာနဲ့ လင်ရှန်းကို ကိုးရို့ကားယားနိုင်စွာပြုံးပြလိုက်တယ် "ဟားဟားဟားဟား အတန်းတောင်စတော့မယ်နော်၊ ငါတို့ အရင်သွားလိုက်အုံးမယ် တာ့တာ"

"သွားပြီ" ရှုချန်းလည်း မော့ကျူးချန်ကို ခေါင်းဆတ်ပြကာ တောက်ရန်နဲ့အတူ လှည့်ထွက်သွားတယ်။ မော့ကျူးချန်အမူအယာက အနည်းငယ်လန့်စရာကောင်းလာတယ်။

သူ့မျက်လုံးတွေက လင်ရှန်းကိုအရောင်တလက်လက်နဲ့ ကြည့်နေတယ်။ မနေ့တုန်းက ကျောင်းဆင်းချိန်မှာ မော့ကျူးချန်တစ်ယောက် တောက်ရန်နဲ့ ရှုချန်းတို့ကို လှမ်းခေါ်ခဲ့တယ်။

သူ့ရဲ့ကောင်းနေခဲ့တဲ့စိတ်အခြေအနေလေးတွေအားလုံးက လင်ရှန်း စုတျန်းတျန်းအတွက်ပါ တစ်ထေရာတည်းတူတဲ့ နမူနာတွေပြင်ဆင်ပေးခဲ့တာကို မြင်လိုက်ရပြီးနောက်မှာ ပျက်ဆီးသွားခဲ့တယ်။ ကျောင်းဆင်းတဲ့အထိ သူဘယ်လိုတောင့်ခံခဲ့မှန်းတောင် မော့ကျူးချန်မသိတော့ဘူး။

အရင်တုန်းကလိုသာဆိုရင် လက်သီးတလုံးပစ်သွင်းပြီး လင်ရှန်းကို 'လိမ္မာတဲ့ကောင်လေးတစ်ယောက်ဖြစ်ဖို့'သင်ပေးလိုက်မှာဖြစ်တယ်။

ဒါပေမယ့် မနေ့တုန်းကတော့ သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းက ဂုဏ်ယူစရာကောင်းလှပြီး အံ့ဩစရာကောင်းလောက်အောင်လည်း ဒေါသကို ထိန်းချုပ်နိုင်ခဲ့တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now