CHAPTER 36 - Who the hell is stupid?

Start from the beginning
                                    

ကုရှင်ချွမ်းကအိပ်ယာထဲကဆင်းလိုက်ပီး မဝတ်အစားတွေကိုသေသေသပ်သပ်ဝတ်လိုက်တယ်။ သူကသဘာဝကျကျပဲ အနားကိုကပ်ပီး စုန့်ရီပါးကိုနမ်းလိုက်တယ် "ငါရှင်းပြလိုက်မယ် မင်းဒီမှာပဲလိမ်လိမ်မာမာလေးနေခဲ့"

စုန့်ရီစိတ်တွေရှုပ်နေတယ်။ ကလေးဘဝကတည်းကစုန့်ရီကကျောက်ဟုန်းကိုတစ်ခါမှဒုက္ခမပေးဖူးဘူး။ ပထမဆုံးအကြိမ်အနေနဲ့ ကျောက်ဟုန်းရန်ကိုစိတ်ကွက်အောင်လုပ်မိတာမို့ စုန့်ရီဘယ်လိုရင်ဆိုင်ရမလဲတောင်မသိတော့ဘူး။ ဒါပမဲ့လဲ ကျောက်ဟုန်းရန်ကိုသွားရှင်းပြဖို့ ကုရှင်ချွမ်းကိုလွှတ်ရမှာလဲ သူနည်းနည်းစိုးရိမ်နေတယ်။

စုန့်ရီခနလောက်ချင့်ချိန်ပီးတော့ သက်ပြင်းချလိုက်တယ် "မင်းကငါ့အမေရဲ့စိတ်ကိုမသိဘူး ငါပဲသွားရှင်းပြလိုက်မယ်"

ကုရှင်ချွမ်းကမျက်မှောင်ကြုတ်လိုက်ပီး တစ်ခုခုပြောဖို့ပါးစပ်ဟလိုက်တယ်။ စုန့်ရီကသူ့ကို​ခေါင်းခါပြတယ်။ သူပုံစံက​ပင်ပန်းနေပုံနဲ့ အကူအညီမဲ့ဟန်ပေါ်နေတယ်။ ခနလောက်ကုရှင်ချွမ်းရဲ့လျှာတွေကထုံသွားကာ ဘာစကားမှမပြောနိုင်​ဖြစ်သွားရတယ်။

ခံစားချက်ကြီးကတကယ်ဆိုးရွားတယ်။ ကိုယ်ကြိုက်နှစ်သက်နေတဲ့သူကို ဘာအကူအညီမှမပေးနိုင်ဘဲ ကြည့်နေရုံပဲတတ်နိုင်တဲ့အခြေအနေကြီး။

စုန့်ရီကသူ့ပါးတွေကိုပွတ်ပီး အခန်းအပြင်ကိုထွက်သွားတယ်။ ကျောက်ဟုန်းရန်ကဧည့်ခန်းထဲကဆိုဖာမှာ စုန့်ရီကိုကျောပေးပြီး​ အပြင်ဘက်ကကောင်းကင်ကြီးကိုပဲ ငူငူကြီးထိုင်ကြည့်နေတယ်။

စုန့်ရီကသူ့ဘေးမှာညင်ညင်သာသာထိုင်လိုက်ပီး ကျောက်ဟုန်းရန်ရဲ့တောင့်တောင့်ကြီး​ဖြစ်နေတဲ့ကျောက်ဘက်ကိုဖွဖွလေးပုတ်လိုက်တယ်။ ကျောက်ဟုန်းရန်ရဲ့ခန္တာကိုယ်ကပြေလျော့သွားပီး ပင့်သက်​ရှိုက်လိုက်တယ် "ဘယ်လိုလုပ်မင်းတို့...."

"မား ကျွန်တော်..." စုန့်ရီကသူနဲ့ကုရှင်ချွမ်းနဲ့ဆက်ဆံရေးကိုသူမကိုရှင်းပြချင်တယ်။

ကျောက်ဟုန်းရန်ကခေါင်းခါလိုက်ပီး စိတ်ပျက်နေတဲ့ပုံပေါ်တယ် "ငါမင်းကိုဒီလောက်ထိကြီးအောင်ပျိုးထောင်ပေးခဲ့တာကို ဘယ်လိုလုပ်မင်းဒီလိုလုပ်နိုင်ရတာလဲ?"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now