Start from the beginning
အချိန်တော်တော်ကြာသွားပြီလို့ ​နေအဂ္ဂါထင်လိုက်တဲ့အချိန်မှာ ညဏ်းဧကရာဇ်က သူ့နာမည်ကို အင်မတိအင်မတန် နူးညံ့တယ်လို့ထင်ရတဲ့လေသံနဲ့ ခပ်တိုးတိုးလေးခေါ်လာတယ်
"နေအဂ္ဂါ ..."
နေအဂ္ဂါကတွေးလိုက်မိပါတယ် နေမကောင်းလို့အားမရှိတာကြောင့်များလားပေါ့ တစ်ချိန်ထဲမှာပဲ
သူတောင်မသိလိုက်ပဲနဲ့ ပိုပြီးနူးညံ့နဲ့လေသံ​လေး
နဲ့ထူးလိုက်မိတယ်
"အင်း..."
"မင်းပြောသလိုပဲ လုပ်ကြရအောင်"
ခပ်ဖွဖွလေးမှိတ်ထားတဲ့ နေအဂ္ဂါရဲ့ မျက်တောင်စိတ်စိတ်လေးတွေက လိပ်ပြာတို့အတောင်ပံခပ်သလိုပဲ ခပ်မြန်မြန်လေးဖွင့်ဟလာခဲ့ပြီးတော့ သူ့ရှေ့က ကောညွှတ်မည်းနက်နေတဲ့မျက်တောင်ရှည်လေးရဲ့ပိုင်ရှင်ကို ငေးကြည့်နေခဲ့ပါတယ် ဒါပေမဲ့လည်း မျက်တောင်ရှည်လေးတွေကတော့
စေ့ပိတ်ထားတုန်းပါပဲ
"ငါတို့နှစ်ယောက် တွဲကြည့်ရအောင် "
နေအဂ္ဂါက အတန်ကြာအောင်ငေးကြည့်နေခဲ့ပေမဲ့ မျက်တောင်ရှည်​လေးတွေဟာ အဆုံးထိဖွင့်ဟမလာခဲ့ဘူး အဲ့ဒီ့အစားမျက်တောင်ရှည်လေးရဲ့ပိုင်ရှင်က သူ့ကိုထပ်ပြီး တင်းကြပ်နေအောင်ဖတ်ထားလိုက်တာပါပဲ နေအဂ္ဂါက တုန့်ဆိုင်းခြင်းမရှိပြန်ဖြေခဲ့တယ်
"အင်း...."
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်​ယောက်အချိန်တော်တော်ကြာအောင် ပွေ့ဖတ်ထားလိုက်တာ ညဏ်းဧကရာဇ်ရဲ့ အသက်ရှုသံဖျော့ဖျော့လေး စည်းချက်မှန်သွားတဲ့အထိပါပဲ နေအဂ္ဂါက ညင်သာတဲ့ခြေလှမ်းတွေကိုပြုလုပ်ပြီး အိပ်ခန်းထဲကထွက်သွားခဲ့တယ် ခဏအကြာမှာတော့ ရေဇလုံတစ်ခု အဖြူရောင်တာဝါတစ်ခုနဲ့အတူရောက်လာပြီး ညဏ်းဧကရာဇ် တစ်ကိုယ်လုံးကို ရေပတ်တိုက်ပေးလိုက်တယ် သတ်သောင့်သတ်သာရှိတဲ့ ညဝတ်အင်္ကျီတစ်စုံကိုဝတ်ပေးလိုက်ပြီး နေအဂ္ဂါ အိပ်ခန်းထဲကပြန်ထွက်သွားတယ် ဆယ့်ငါးမိနစ်ကြာတဲ့အခါအခန်းထဲကိုပြန်ရောက်လာတယ် ခဏအကြာပြန်ထွက်သွားပြန်တယ် နေအဂ္ဂါ မီးဖိုခန်းနဲ့အိပ်ခန်းကို နှစ်ခါသုံးခါလောက်အသွားအပြန်လုပ်ပြီးတဲ့နောက်မှာ ညဏ်းဧကရာဇ် ဘေးနားဝင်လှဲလိုက်ရင်း ထပ်ပြီးတင်းကြပ်စွာဖတ်တွယ်ထားလိုက်ပြန်တယ် နေအဂ္ဂါ တစ်ရေးနိုးလာတဲ့အထိ ညဏ်းဧကရာဇ်က တုတ်တုတ်မလှုပ်သေးဘူး ဒါကြောင့် နေအဂ္ဂါစိတ်ပူသွားပြီး အလျှင်စလိုနဖူးကိုစမ်းလိုက်တယ်
ကိုယ်အပူချိန်က သိသိသာသာလျော့ကျသွားတာသိပြီးတဲ့နောက်မှ စိတ်သက်သာရစွာသက်ပြင်းချလိုက်ရင်း  အိပ်ယာပေါ်ကထလိုက်တယ် သူထွက်သွားဖို့ကြံတုန်းမှာပဲ လက်တစ်ဖတ်က သူ့ခါးကိုအားပြင်းပြင်းဖတ်တွယ်လိုက်တာကြောင့် နေရာကထဖို့ခက်ခဲသွားစေတယ်
Before I Fall You[Completed]Where stories live. Discover now