အ​တွေးဝင်​တာနဲ့ ချက်​ချင်း လိုက်​ရှာဖို့ ပြင်​​နေတဲ့ ရိ​ပေါ်က အ​နောက်​ပါးက​နေ ကြားလိုက်​ရတဲ့ အသံ​ကြောင့်​ ကိုယ့်​ကိုယ်​ကို မလုံမလဲဖြစ်​သွားရသည်​။

"ငါ့ကို မ​တွေ့လို့ စိုးရိမ်​သွားတာလား ဝမ်​ရိ​ပေါ် "

ပြုံးစစနဲ့ ​ရိ​ပေါ်ကိုကြည့်​ပြီး ​မေးလာတဲ့ ​ရှောင်းကျန့်​နဲ့ အကြည့်​ချင်းမဆုံမိ​အောင်​ ဟိုဟိုဒီဒီ ​မျက်​လုံးကစားပြီး ဘယ်​လိုပြန်​​ဖြေရမလဲ စဉ်းစား​နေမိသည်​။

ဖြေရခက်​​နေပုံရ​တဲ့ ဝမ်​ရိ​ပေါ်အနားကို ​လျှောက်​သွားကာ

"စိတ်​ချပါ ငါမင်းကို တစ်​​ယောက်​ထဲမထားခဲ့ပါဘူး"

ဘာဖြစ်​သွားတာလဲ။ ​ရိ​ပေါ်ဗိုက်​ထဲက အတွင်းကလီစာ​တွေ ထခုန်​​တော့မလို ဖြစ်​သွားတဲ့ ခံစားချက်​ကြီးက ထူးဆန်းလိုက်​တာ။ ​တောထဲမှာ တစ်​ညအိပ်​လိုက်​ရလို့ အ​ကြောက်​လွန်​သွားတာများလား။ မ​နေ့ညကလည်း ​ရှောင်းကျန့်​နမ်းတာကိုငြိမ်​ခံ​နေရုံမက ပြန်​​တောင်​နမ်းမိလိုက်​​သေးသည်​။ ဝမ်​ရိ​ပေါ်...မင်းရူးသွားပြီလား..။ ဘာပဲဖြစ်​ဖြစ်​ မဖြစ်​ခင်​က ကြိုကာကွယ်​ဆိုတဲ့အတိုင်း ​ပေကျင်းပြန်​​ရောက်​ရင်​ medical check-up ​တော့သွားလုပ်​ဦးမှပါပဲ။

"ဒါနဲ့ ဒါခင်​ဗျားအင်္ကျီ မဟုတ်​လား ကျွန်​​တော့်​ဆီ​ရောက်​​နေလို့"

"အာ...ဟုတ်​လား ခုနက ငါထသွားတုန်းက ကျခဲ့​တာဖြစ်​မယ်​ ဟား...ဟား"

ဘာမှရယ်​စရာမပါပဲ တဟားဟား​အော်​ရယ်​​နေတဲ့ ​ရှောင်းကျန့်​က ​ခေါင်းထိပြီး ရူးသွားတာများလား။ အဲ့လို​ပြောရ​အောင်​လည်း သစ်​ပင်​​ပေါ်က ပြုတ်​ကျတာက ရိ​ပေါ်ပါ။ ရိ​ပေါ် ​အ​ရှေ့က အရူးလို​အော်​ရယ်​​နေတဲ့ ​ရှောင်းကျန့်​ကို ​ကြောင်​​တောင်​​တောင်​​လေးကြည့်​​နေရင်း တီရှပ်​လက်​တို​လေးသာ ဝတ်​ထားတဲ့ ​ရှောင်းကျန့်​ခန္ဓာကိုယ်​​ပေါ်က အနီစက်​​တွေကို သတိထားမိ သွားတာ​ကြောင့်​ အလန့်​တကြားဖြင့်​ ​ရှောင်းကျန့်​လက်​ကို ဆွဲယူကာ

"​ရှောင်းကျန့်​ ခင်​ဗျားလက်​မှာ အနီစက်​​တွေအများကြီးပဲ လည်​ပင်းမှာ​ရော..."

Dear My Ex-crush[Completed]Where stories live. Discover now