part11

11.1K 762 23
                                    

တနင်္လာ ဗုဒ္ဓဟူး စနေ ၃ရက်နော် Update က
😘😘

My vicious Boss(Zawgi) part11

ဟိန်းနဲ့ ရှိန်း ကပြီးတော့ ဇွဲရောက်လာကာ
"ရှိန်းပျော်ရဲ့လား"
"ဟို ဟို..."
ရှိန်းကစကားထစ်နေတုန်း ဉီးဟိန်းဝင်ပြောလိုက်သည်
"ကိုက ရှိန်းနဲ့ ပြည့်နဲ့ လူမှားသွားလို့ပါ ကပွဲထဲရောက်မှ ရှိန်းမှန်းသိလိုက်တာ Sry ဉီးဇွဲ  ကျွန်တော်တောင်းပန်ပါတယ်
"ဟား...ရပါတယ်ဗျာ ကတာပဲ အဲ့တာဆိုကျွန်တော်နဲ့ ရှိန်းကို ခွင့်ပြုပါအုံး" ဟုပြောကာ ရှိန်းကို ခါးက ဖက်ကာ ထွက်သွားသော ဉီးဇွဲ
ခနအကြာ ဉီးဟိန်းဆီရာက်လာသောပြည့် အဲ မဒီလို့ပဲ ပြောရမလား ကားတိုက်မှုဖြစ်ပြီး ဆာဂျရီလုပ်ထားတဲ့ မဒီ ရောက်လာကာ
"ဉီးဟိန်း ပြည့်တို့ကရအောင် "
ဉီးဟိန်းလည်း ကျော့ကွင်းထဲ ဝင်လာတဲ့ သားကောင်ကို အမိအရ ဖမ်းလိုက်သည်
ပြည့်ရဲ့ခါးကို ဖက်ကာ ကနေလိုက်သည်
ထိုအချိန် ကမ်းခြေရဲ့တစ်နေရာက ခုံတန်းလေးတစ်ခုတွင်
"ဉီးဇွဲ"
ရှိန်းရဲ့ခေါ်သံကြောင့် ဉီးဇွဲ ရှိန်းဘက်လှည့်လာကာ
"အွန်း ဘာပြောမို့လဲ ရှိန်း"
"ဟို ဟိုလေ ရှိန်း ရှိန်းနဲ့တွဲရအောင်"
မျက်လုံးစုံမှိတ်ကာ ပြောနေတဲ့ကလေးမှာ ချစ်စဖွယ်အတိ
"အွန်း ကောင်းပြီ ကိုယ်လက်ခံတယ်"
"ဟီး..တကယ်နော်"
"အွန်းတကယ်"
"တော်ပါသေးရဲ့"
"ဟင် ဘာကိုလဲ"
"ဟို ဟို ရှိန်း ရှိန်းက"
ထစ်ထစ် အအ ဖြစ်နေတဲ့ ကလေးကို စကားထောက်ပေးလိုက်ကာ
"ကိုယ် ညင်းမှာဆိုးလို့လား"
"အင်း ဟုတ် ဟုတ်တယ်ဟီး"
ဉီးဇွဲ ရှိန်းကို တင်းကြပ်စွာဖက်ထားလိုက်ပြီး
စိတ်ထဲတွင်
"မလိမ်တက်ပဲဘာလို့လိမ်ရတာလဲ ကလေးရယ်
ကိုယ့်ကိုလက်စားချေတော့မို့လား မင်းချစ်တာ
ဉီးဟိန်းမှန်း ကိုယ်သိပါတယ်ကွာ ဒါပေမယ့်မင်းလေးဘက်က စတာနော် ကိုယ်လက်လွှတ်မပေးတော့ဘူး ရှိန်းက ကိုယ့်အပိုင်ပဲ"

ဖက်ထားသောရှိန်းရဲ့ကိုယ်လေးကိုဖယ်လိုက်ကာ
ပါးလေးကိုပင့်ကိုင်ကာ ရှိန်းမျက်လုံလေးတွေကို စိုက်ကြည့်နေပြီး
"ချစ်တယ် "
"ဟင် ..."
"ဟုတယ် ကိုယ်ရှိန်းကိုအရမ်းချစ်တယ်"
"ရှိန်း ရှိန်းရောပဲ"
ရှိန်းဆီကျရောက်လာတဲ့ နှုတ်ခမ်းပါတစ်စုံ
ရှိန်းငြင်းလို့မဖြစ် တော်ကြာ ဉီးဟိန်းဒုက္ခရောက်သွားလိမ့်မယ် ရှိန်းတုန့်ပြန်ပြီးမနမ်း
ဉီးဇွဲ အနမ်းကို ရပ်လိုက်ကာ
"ပြန်အိပ်တော့ရှိန်း မနက်ဖြန်မှတွေ့ကြရအောင်"
"ဟု "
ဉီးဇွဲ ရှိန်းကို အခန်းထဲထိပြန်လိုက်ပို့ပေးပြီးမှ သူပါတီပွဲကိုပြန်လာပြီး အရက်ကို တစ်ခွက်ပြီး တစ်ခွက်သောက်နေသည်
သူပျော်တယ် ရှိန်းကတွဲရအောင်ပြောလို့
သူမပျော်ဘူး ရှိန်းက သူ့ကိုမချစ်မှန်းသိလို့
ဉီးဇွဲသောက်တယ် တစ်ခွက်ပြီး တစ်ခွက် မူးတဲ့ထိပေါ့

My vicious bossWhere stories live. Discover now