part 9

11.3K 829 25
                                    

My vicious Boss (Zawgi)part 9

"oww လှလိုက်တာ ဉီး ဉီး ဒီကိုကြည့်အုံး"
ကားပေါ်တွင် ဉီးဟိန်းလက်ကိုချိတ်ကာ ကားပေါ်မြှမင်နေရသည့်ပင်လယ်ပြင်ကြီးကို လက်ညှိုးထိုးပြနေသည့် ပြည့်လျှံ
ကားပေါ်မှ ဝန်ထမ်းများက ဉီးဟိန်းတို့အတွဲကို အားကျသလိုကြည့်နေကြသည်

"ရှိန်း ရှိန်း ရှိန်းလေး"
ဉီးဇွဲ သူ့ပုခုံးပေါ်မှီအိပ်နေတဲ့ အကောင်ပေါက်လေးကို ပါးလေးကိုလှုပ်ကာ နှိုးလိုက်သည်
" ဟင် ရောက်ပြီလား"ဟု ပြောကာ မျက်လုံးလေးကိုပွတ်ကာ အိပ်မှုန်စုံဖွားနှင့် နိုးလာသည့် ရှိန်းကို ဉီးဇွဲမလွတ်တမ်းငေးကြည့်နေမိသည်
"ရှိန်း"
ဉီးဇွဲ ခေါ်သံကြားလို့ ရှိန်းမော့ကြည့်မိတော့
ရှိန်းကို စိုက်ကြည့်နေတဲ့ မှိုင်းညို့ညို့ မျက်လုံးတွေနှင့်စုံမိသည် ရှိန်းလည်းအတန်ကြာပြန်စိုက်ကြည့်နေမိသည်
ကြည့်နေရင်း တဖြေးဖြေးနီးကပ်လာတဲ့ ဉီးဇွဲရဲ့နှုတ်ခမ်းပါးက ရှိန်းရဲ့နှုတ်ခမ်းဖူးလေးပေါ်ကျရောက်ခါနီးတွင်
"ကဲ ကဲ ရောက်ပြီ ဆင်းရအောင်ဟေ့ ဆင်းရအောင် လုပ်စရာရှိတာတွေနောက်မှလုပ် လူမြင်ကွင်းမှာမြင်မကောင်းဘူးဟေ့"
"အနောက်ဘက်မှ ထွက်လာသော မိုးမြင့်အသံကြောင့် ရှိန်းတို့ လည်းခွာလိုက်ပြီး ကားပေါ်ကနေဆင်းလာသည်

အောက်ရောက်တော့ မိုးမြင့်မှဉီးဆောင်ကာ

၂ယောက်တစ်ခန်းနေရမယ် ဒါပေမယ့် မဲနှိုက်ရမယ်
ကိုယ်ကျတဲ့နံပါတ်နဲ့တူတဲ့လူနဲ့ တစ်ခန်းတည်းအတူတူနေရမယ် ငြင်းဆိုပိုင်ခွင့်မရှိ ဟို ဉီးဇွဲတို့ကိုလည်းပါဝင်စေချင်တယ် အပျော်သဘောပေါ့ဗျာ

"ရှိန်း အဆင်ပြေရဲ့လား"
"omm ရှိန်းကရတယ်"
ဉီးဇွဲ ရှိန်းဆီက ခွင့်ပြုချက်ရမှ
"ကောင်းပြီ"
"ကဲ အဲ့တာဆို စနှိုက်ကြရအောင်"
ဟု ပြောကာ လျှမ်းထက်မှ မဲပုံးလေးကို တစ်ယောက်တစ်လှည့်စီနှုက်စေသည်

အကုန်လုံး အတွဲကိုယ်စီနှင့် ကိုယ့်အခန်းကို သွားနေကြစဉ် ရပ်နေသေးသော လူ၎ယောက်
"ဟင် မသွားကြသေးဘူးလား"
"ပြည့်က နံပါတ်၎  ဉီးက နံပါတ်၃   ဟုပြောကာ ရှိန်းတို့ဘက်ကို မျက်စပြစ်ပြလေသည်"
"ဟို ရှိန်းက နံပါတ် နံပါတ် ၃ ဟုပြောကာ ဉီးဟိန်းကိုမရဲတရဲကြည့်ပြီး ဉီးဇွဲဘက်လှည့်ကာ ဟိုဉီးဇွဲ အဆင်ပြေရဲ့လား"
"ဟင်း..."ဉီးဇွဲ သက်ပြင်းမောကို ဟန်ဆောင်ချကာ
"ပြေပါတယ်ရှိန်းရယ် တခြားသူမှမဟုတ်တာ ဉီးဟိန်း နဲ့ပဲ "ဟု ရှိန်းကို ပြောပြီး ဉီးဟိန်းကိုကြည့်ကာ
"လူကြီးလူကောင်းပီသစေချင်ပါတယ် ကျွန်တော့အစားစောင့်ရှောက်ပေးပါ"
"ကောင်းပါပြီ"ဟု ပြောပြီး ဉီးဟိန်း ရှိန်းရဲ့ ခရီးဆောင်အိတိကို ကိုင်ကာ ထွက်သွားသည်
ဉီးဇွဲလည်း ပြည့်လျှံရဲ့ အိတ်ကို ကိုကိုင်ကာထွက်သွားသည်
ကျန်ခဲ့သည်မှာ မိုးမြင့်နှင့်လျှမ်းထက်
"ကဲ အစီအစဉ် A အောင်ပြီ အစီအစဉ် B စလိုက်ရအောင် လျှမ်းထက်"
"Ok အစ်ကိုလေး"

My vicious bossWhere stories live. Discover now