အခန်း( ၂)

158 31 5
                                    

Unicode

အခန်း( ၂)

ဟန်ယွီပိုင်ရဲ့ကားထဲကိုဝင်ထိုင်လိုက်​သောအခိုက်အ
တန့်တွင်အမှန်တိုင်း​ပြောလီတုန်အ​တော်​လေးအံ့အား
သင့်သွားရသည်။

ဒီလို Civicကားအမျိုးစားရဲ့
second-hand​လေးဝယ်နိုင်ဖို့ကိုဘယ်နှနှစ်​လောက်အလုပ်ကြိုးစားပန်းစားလုပ်ရမလဲဆိုတာကိုလီတုန်​တွေး​တော​မိ​​နေပြီးဝတ္ထုထဲကဟန်ယွီပိုင်လိုတဏှာရူးအရံဇာတ်​ကောင်လိုဟာမျိုးကျစာ​​ရေးဆရာလက်တစ်ချက်အ​ဝေ့တင်အလိုလို​အောင်မြင်​ကျော်ကြားသွား​တော့တာဘဲ။

မနာလိုလိုက်တာ....

ကုတင်​ပေါ်ကကိစ္စ​တွေအစသူ့အတွက်ပူပန်​ပေးပြီး
အားထုတ်​​ပေးတဲ့လူ​တွေရှိ​သော​ကြောင့်သူ့အကြိုက်
နဲ့ကိုက်ညီမယ့်လူမျိုးတကူးတကရှာစရာမလို​တော့ဘူး​ပေါ့။

ဟင်း..အဲဒါကလီတုန်နဲ့ဟန်ယွီပိုင်တို့ရဲ့မတူညီတဲ့အချက်​တွေဘဲ။

"မင်းဘယ်မှာစားချင်လဲ?" လီတုန်မျက်လုံး​ထောင့်က​နေ
ရှုရှင်းလင်ကိုလှမ်းကြည့်ရင်း​မေးလိုက်သည်။
"စား​သောက်ဆိုင်​ကောင်း​ကောင်းမင်းညွှန်း​ပေးရမယ်။
အကယ်လို့အရသာမ​ကောင်းခဲ့ရင်​တော့မင်းကိုဘဲအပြစ်တင်ရမှာ​ပေါ့" သူကိုယ်တိုင်​တောင်​သေချာသတိမထားမိဘဲလီတုန်တစ်​ယောက်ဟန်ယွီပိုင်ရဲ့အထက်စီးဆန်ပြီးရန်လိုတဲ့အသံအ​နေအထားကို​အေး​​အေး​ဆေး​ပြောနိုင်​နေပြီဖြစ်သည်။

အနီးနားတွင်ဟန်ထဲ့လင်မရှိ​တော့သည်ဖြစ်၍
ရှုရှင်းလင်သည်သူရဲ့ နဂိုအကျင့်စရိုက်ပုံစံသို့တဖြည်းဖြည်း​ပြန်​ပြောင်းသွားသည်။သို့​ပေမယ့်လီတုန်ကို​တော့နည်းနည်းရှိန်​နေ​သေးသည့်အတွက်မဝံ့မရဲ​လေး
​မေးကြည့်လိုက်သည်
"ဒုတိသခင်​လေးကဘယ်အစား​သောက်စတိုင်ကိုသ​ဘောကျလည်း?ဂျပန်?​တောင်ကိုရီးယား?ပြင်သစ်?"
သူ့မိသားစုအ​ခြေ​အ​နေကအသင့်တင်ရှိပြီးမိဘနှစ်ပါးကလည်းတက္ကသိုလ်ပါ​မောက္ခ​တွေဖြစ်ပြီးဒီမြို့ခံဖြစ်​သော​ကြောင့်သူ​ကောင်း​ကောင်းသိ​လေသည်။

"တရုတ်" လီတုန်ပြန်​ဖြေလိုက်သည်။

ရှုရှင်းလင်​ရွေးရခက်​နေပြီး​နောက်ဆုံးတွင်နာမည်ကြီးဟိုတယ်တစ်ခုနားကဆိုင်ကို​ရွေးဖို့ဆုံးဖြတ်လိုက်သည်။
ဒုတိယသခင်​လေးလည်းထို​နေရာကိုမကြာခဏ
သွားဖြစ်​လောက်မည်ဟုသူ​တွေးမိလိုက်သည်။
"စား​သောက်ဆိုင်​လေးက​တော့မဆိုးပါဘူး၊
ဒါ​ပေမယ့်သခင်​လေးအကြိုက်နဲ့အဆင်​ပြေပါ့မလား​တော့မသိဘူး"

You've reached the end of published parts.

⏰ Last updated: Jun 27, 2021 ⏰

Add this story to your Library to get notified about new parts!

What is the Experience of a Scumbag Receiving HE [မြန်မာဘာသာပြန်](Dropped)Where stories live. Discover now