အခန်း(၁)

198 36 4
                                    

Unicode

အခန်း(၁)

လီတုန်သည် ၁၉၈၀​နှောင်းပိုင်းမှာ​မွေးဖွားခဲ့ပြီး၊မိဘများအနေနဲ့ဆင်းရဲဒုက္ခအခက်အခဲများကိုကျော်ဖြတ်ခဲ့ရတဲ့ မိဘ​တွေဖြစ်သည်။​နောက်ဆုံးမှာသူတို့​တွေအစိုးရလုပ်ငန်းတစ်ခုမှာအလုပ်ရသွားကြပြီး​နောက်ပိုင်း
အစိုးရဝန်းထမ်းအလုပ်ကသာအမြဲမြံဆုံးနဲ့စိတ်အချရဆုံးအလုပ်လို့ယူဆလိုက်ကြသည်။

ထုံးစံအတိုင်းလီတုန်တစ်​ယောက်တက္ကသိုလ်က​နေဘွဲ့ရ
ပြီး​သောအခါအစိုးရအလုပ်အတွက်ဝင်ခွင့်စာ​မေးပွဲ​ဖြေဖို့
သူ့မိဘ​နှစ်ပါးကတိုက်တွန်း​လေသည်။

နှစ်အ​တော်အကြာတွဲ​နေ​သောသူ့​ကောင်မ​လေးဖြစ်သူက​တော့ဒီကိစ္စကိုအပြင်းအထန်ကန့်ကွက်သည်။သူ့တွင်ကိုယ်ပိုင်အစွမ်းအစနှင့်ရည်မှန်းချက်မရှိခြင်းကို
သူမသ​ဘောမကျ​ပေ;သိမ်နုတ်နှိမ့်ချတဲ့အစိုးရဝန်းထမ်း
သာသာ​​လောက်နှင့်သူမလိုချင်တဲ့ဘဝမျိုးကို​ထောက်ပံ့​ပေးနိုင်မည်မဟုတ်​သော​ကြောင့်ဖြစ်သည်။

သူ့​ကောင်မ​လေးမှာရက်စက်တတ်တဲ့လူစားမျိုး​တော့မဟုတ်​ပေမယ့်၊ဒီကိစ္စကို​သူနှင့်သေ​သေချာချာ​ပြော
ပြီး​နောက်ရှင်းလင်းတဲ့အ​ဖြေတစ်ခုကိုသူမကို​ပေးဖို့​ပြောလာခဲ့သည်။ "ရှင့်မိဘ​တွေ​​​​ပြောတဲ့လမ်း​ကြောင်းကို​ရွေးချယ်ပြီးအစိုးရဝန်းထမ်းဘဲလုပ်မလားဒါမှမဟုတ်
ကျွန်မ​​ပြောတဲ့အတိုင်းလုပ်မလား။​ပေ​ဖြောင့် မှာဒို့​တွေအတူတူစီးပွား​ရေးလုပ်ငန်း​လေးစကြရင်မ​ကောင်းဘူးလား"

"ခု​လို​ခေတ်ကြီးမှာအစိုးရဝန်းထမ်းလုပ်​တော့​ရော
ဘာထူးလို့လဲ?" သူမက​တော့ပွင့်ပွင့်လင်းလင်း​မေး​လေသည် "ရှင့်မိသားစု​နောက်ခံ​ကောင်း​ကောင်းရှိလို့လား?
ရာထူးကတိုးမှာတဲ့လား?​နောက်နှစ်သုံးကြာရင်မြို့လည်​ခေါင်မှာရှိတဲ့အဆင့်မြင့်အိမ်ကိုဝယ်နိုင်လိမ့်မယ်လို့ထင်လား?"

ထိုအရွယ်တုန်းကလီတုန်က​တော့သိပ်လည်းမရင့်ကျက်​သေး၍သူ့​ကောင်မ​လေးကဘာဖြစ်လို့တအားဥစ္စာပကာသန​တွေကိုတအားမက်​မော​နေရတာလဲလို့​တွေးမိခဲ့​သေးသည်။ မြို့ကြီး​ပေါ်ကအဆင်မြင့်အိမ်ယာကိုဝယ်နိုင်မှဖြစ်မှာလား၊ဘာ​ကြောင့်လဲ?မြို့ကြီး​တွေကလွဲရင်ကျန်တဲ့မြို့​တွေရဲ့ လူမှု​နေထိုင်မှုပုံစံက​တော့မထူးမခြားနားဘဲမဟုတ်ဘူးလား?မင်းဘယ်ကိုသွားသွားပုံမှန်မြို့​လေး​တွေက​တော့ခုမင်း​နေ​နေတဲ့မြို့အတိုင်းဘဲ။အဲဒါ​​တွေကိုအရမ်းဂရုမစိုက်ဘဲမ​နေနိုင်ဘူးလား?

What is the Experience of a Scumbag Receiving HE [မြန်မာဘာသာပြန်](Dropped)Where stories live. Discover now