မေးခွန်းတွေက ဖန်းဂူအပြစ်ဖြစ်အောင် ဖန်တီးနေကြခြင်းပင် …မေးမြန်းသူက တမင်အကြပ်ရိုက်အောင်လုပ်ကာ ရှန်ဖန်းဂူကို ဒေါထွက်အောင်စွနေသလိုပင် … ဒါတွေအားလုံးက တစ်စုံတစ်ယောက်ရဲ့စနစ်ဖြစ်ပြီး ရှန်ဖန်းဂူ ပွဲကြမ်းမှာကို စောင့်မျှော်နေခြင်းပင် … သို့ပေမဲ့ မင်းယွီရဲ့ သတိပေးတဲ့အကြည့်တွေနဲ့ တင်းကြပ်စွာ ဆုတ်ကိုင်ထားတဲ့လက်တွေကြောင့် ဖန်းဂူ စိတ်လျော့ကာ ထိုမေးမြန်းသူအား လစ်လျှူရှုဖို့ကြိုးစားလိုက်တယ် …

ဒါပေမဲ့ အခြေအနေက သူ့ဘက်မှာရှိမနေခဲ့ပေ … ရုတ်ရုတ်သဲသဲကြားကနေ မူမမှန်သည့်သူများ ပါလာခဲ့တယ် … သူတို့အားလုံးက ချန်းရဲ့လူတွေဆိုတာ ခန့်မှန်းစရာပင်မလိုခြေ … ပတ်ဒိုမင်းက ပုံမှန်ပွဲတွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီစွာ လူတစ်ယောက်ကို အကြမ်ကိုင်ကာ မေးမြန်းနေတာတွေ့ရတော့ ထိုလူတွေကို တားဖို့ကြိုးစားပေမဲ့ သူသိလိုက်ရတာက ဒီပွဲဟာ သူ့ရဲ့အာဏာကိုပင်အသုံးပြု၍ မရဟူ၍ …

သူ့ရဲ့လူတွေ တစ်ယောက်မှမရှိနေတော့ပဲ ကျန်ရှိနေတဲ့အရာရှိတွေက သူ့ဘက်မပါသည့်အပြင် ရှန်ဖန်းဂူရဲ့အဖြေအား လက်ပိုက်ကာ စောင့်ဆိုင်းနေကြတယ် … ဒီပွဲက ဖန်းဂူကိုထောင်ခြောက်ဆင်ဖမ်းဖို့ဆိုတာ ဖန်းဂူချက်ချင်းသဘောပေါက်လိုက်တယ် … ထင်သည့်အတိုင်း သူတို့အားလုံး ဖန်းဂူအား မေးခွန်းများဖြင့် ဝိုင်းကာ အကြပ်ကိုင်လာကြတယ် …

" နယ်စပ်လက်နတ်ကိုင်အဖွဲ့အစည်းက ရှန်ဟွှာနဲ့ ပတ်သပ်နေတယ်လို့ သတင်ရရှိတာ အမှန်ပဲလား "

ထိုလူက ပိတ်ကားကနေတဆင့် လူတွေကိုလှည့်စားနိုင်မည့်သက်သေတွေထုတ်ပြလာတယ် … အမှုစစ်ဆေးတဲ့နေရာမှာ တော်လွန်းတဲ့ ပတ်ဒိုမင်းက အစကထိုအရှုတ်ထုပ်မှာ ဝင်မပါဖို့ ဆုံးဖြတ်လိုက်ပေမဲ့ သက်သေအတုတွေနဲ့ ဆွဲချက်တင်လာတော့ ရှေ့ထွက်လာခဲ့တယ် …

" ဒီနေရာက နိုင်ငံရေးဖော်ထုတ်ရမဲ့နေရာမဟုတ်ဘူး … စီးပွားရေးနဲ့ မိသားစုအကြောင်းကလွဲရင် ဘာမှပြောဆိုခွင့်မရှိဘူး "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now