ဒါပေမဲ့ ဒီဂြိုလ်ပြာပေါ်မှာကမ္ဘာစစ်ဆိုတာကြီး ၂ခါဖြစ်ပြီးတဲ့နောက် သူကွန်း
ခိုတဲ့ နတ်ကွန်းလေးဟာ ပြာကျခဲ့ရတယ်။ သူနတ်ကွန်းကို စွန့်ခွာခဲ့ရပြီး
တောတွေတောင်တွေအနှံ လှည့်လည်
နေထိုင်ခဲ့ရတဲ့ ကာလတွေက နတ်ဘုရား
ဘဝရဲ့ အခက်ခဲဆုံး အထီးကျန်ဆုံး
အချိန်တွေပဲ။ တောစောင့်နတ်တောင်စောင့်နတ်တွေက ဖော်ရွေတယ်ဆိုပေမဲ့ Ai က လူတွေကြားထဲက ချစ်ခြင်းမေတ္တာဓာတ်နဲ့ ထိတွေ့မှ ဝိညာဥ်စွမ်းအားမြင့်တဲ့နတ်ငယ်လေးမို့...
လူ့ဘောင်ထဲပြန်ဝင်ဖို့ ကြိုးစားရတယ်။ နတ်ကွန်းထားပြီးကိုးကွယ်မခံရတော့တဲ့ နတ်တွေအတွက် ကောင်းကင်နန်းတော်က ပြန်ခေါ်တာဝန်ယူပေးပေမဲ့ ဒီလူ့ဘောင်ကသူ့အိမ်လိုဖြစ်နေခဲ့ပြီ။ နန်းတော်ဆီသူမပြန်ချင်တော့ဘူး။ ဒီလိုနဲ့...
သူတို့ အပေးအယူတွေစလုပ်ခဲ့ရတယ်။
လူသားခန္ဓာချေးငှားယူခွင့်ရှိတယ်။ လူ
သားအဖြစ်နဲ့ ကျင်လည်ရှင်သန်ခွင့်ရှိ
တယ်။ အမတ အဖြစ် စွမ်းအင်တွေ
မဆုပ်ယုတ်ဖို့ သူတို့စောင့်ထိန်းရတာတွေတော့ ရှိတာပေါ့။ ဥပမာ ဗုဒ္ဓဝါဒ
က ငါးပါးသီလ လုံရတာမျိုးပေါ့။ ချိုး
ဖောက်ရင်တော့ ပြစ်ဒဏ်တွေက ကြီး
လေးပြီး လူသားအဖြစ်ရှင်သန်နေရင်း
မှ ရုပ်သွင်ပြောင်းလဲဖို့အတွက်လည်း
ပူဇော်မှုက ရလာတဲ့ စွမ်းအင်ကိုသုံးလို့
ရတယ်။ အခုခေတ်ကပူဇော်မှုရယ်လို့
မရှိပေမဲ့ ကျေးဇူးတရားကနေလည်း
သူတို့စွမ်းအင်တွေရကြတယ် ။
Ai ပထမဆုံးရတဲ့ ခန္ဓာက ထွားကျိုင်း
သန်မာတဲ့ အမျိုးသားတစ်ယောက်ပေါ့
အဲ့ဘဝတုန်းက ထိုင်ဝမ်ကျွန်းပေါ်မှာ
စစ်သင်တန်းကျောင်းစဖွင့်ကာစအချိန်
နဲ့ကိုက်နေတော့ Ai စစ်သည်တစ်ယောက်အဖြစ် ပါဝင်ခဲ့ရတယ်။ စစ်
သည်တွေကသူတို့ကောင်မလေးတွေ
ကို ပေးပို့တဲ့ ချစ်သဝဏ်လွှာတွေအ
တွက် Aiက တာဝန်ယူရေးသားဖွဲ့နွဲ့ပေး
ခဲ့တယ်။ စစ်သည်တွေဆီကရလာတဲ့ ကျေးဇူးတရားတွေစုပြီး Ai ခန္ဓာလဲခဲ့
တယ်။ ဒီလိုနဲ့ မျိုးစုံကျင်လည်ခဲ့ပြီးနောက် ဘာသာမဲ့တွေများပြားလာတဲ့
ခေတ်ထဲ Ai ရောက်လာခဲ့ပြီ။ လူသား
တွေရဲ့ ဆင့်ကဲတိုးတက်မှုတွေက နတ်
ဘုရားဖြစ်တဲ့ Aiကိုယ်တိုင် အံ့မခန်း
ဖြစ်ခဲ့ရတာတွေရှိတယ်။ ဘယ်လိုပဲ
ဖြစ်ဖြစ် အချစ်ဟာ အချစ်လို့ပဲမြင်တတ်တဲ့ ဒီကျွန်းလေးပေါ်မှာ Ai ဖြစ်
တည်နေရတာကိုပဲ Ai က ကျေနပ်
လိုက်တာလို့ ခဏခဏထုတ်ပြောမိ
နေတော့တာပဲ။

NANI?Opowieści tętniące życiem. Odkryj je teraz