သို့ပေမဲ့လည်း အဆိုးစိတ်ထဲတွင် သိပ်ဘဝင်မကျသည်ကတော့ ဦးခက်ကိုယ်တိုင် မိမိတို့မင်္ဂလာဆောင်သို့deliဖြင့်ပို့ဆောင်ပေးလိုက်သော နောက်ဆုံးဝိုင်းမှ ခပ်ချောချော အမတစ်သိုက်ပင်။

သူတို့အနားမှ ထွက်လာသည်မှာ အတော်ပင်ကြာသွားပြီဖြစ်သော်လည်း
ယခုအချိန်ထိ မိမိတို့အား လှမ်းကြည့်ရင်းသာ သွားဖြီးကြီးတွေနှင့်တဟီးဟီးလုပ်နေသော သူတို့ကြောင့် ဦးအား အသာပင် သူလက်တို့လိုက်တော့သည်။

"ဦးရေ...ဦး....."

"ဗျာ....ဗျ"

"ပြောစရာရှိလို့..."

"အော်ပြောလေ သည်းငယ်လေးရဲ့"

"အင်း...ဦးသိလားတော့မသိဘူး ဟိုဘက်ဝိုင်းက​နေလေ သားတို့ကို မျက်တောင်မခတ်တမ်းစိုက်စိုက်ကြည့်နေတဲ့ အပျိုတစ်သိုက်ကိုဦးတွေ့မိလား"

"အင်း တွေ့တော့တွေ့တယ် ဒါမဲ့ ကိုတို့ကို ကြည့်တယ်လို့တော့မထင်မိဘူးလေ... ရုပ်လေးတွေက သန့်သန့်ချောချောလေးတွေဆိုတော့..."

"ဟာ....ဘယ်ကသာ ဦးရာ သူတို့ကရုပ်လေးတွေသာချောတာ တကယ်တော့....."

"တကယ်တော့ သူတို့ကဘာတွေလဲဟင် သည်းငယ်လေး"

"တကယ်တော့ သူတို့က....ဟီးဟီး နှာဘူးတွေ"

"ဟေ....ဟုတ်လို့လားကလေးလေးရ"

"ဟုတ်တာ မှဟုတ်ဟုတ်ဟုတ်နဲ့တောင်မြည်သေးတယ်
သူတို့ပေါ့ ဦးခက်ကို သွားသွားပြီး ကျတော်တို့က အခုအချိန်ထိ မင်္ဂလာမဆောင်သေးဘူးလား၊ မိတ်စကပ်က မှိုတက်တော့မယ်၊ အဆိုးအစား ကျမပဲ မွင်ဂါဆောင်လိုက်တော့မယ်လို့ ဂျီသွား​သွား တိုက်​နေတဲ့ဖူဂျီမားတွေလေ"

"အော် အဲ့တာ သူတို့လား....မထင်ရဘူးနော် ရုပ်လေးတွေကချစ်စရာလေးတွေနဲ့"

"ဟုတ်ပ...ဟုတ်ပ ပြီးတော့ ဟိုးနားက အကိုချောချော လေး တစ်ယောက်ကိုရော တွေ့လား"

ကလေးပြောလိုက်သဖြင့် နောက်ဆုံးခုံကို သူလှမ်းကြည့်လိုက်တော့ သူတွေ့လိုက်သည်က ခပ်ချောချော ကောင်လေးတစ်ယောက်ပင်။

"နောက်ဆုံးခုံက ခပ်ချောချောလေးလား"

"အင်း...ဟုတ်တယ် ကျတော်ပြောပြောနေတဲ့ ဦးခက်ဆိုတာ သူလေ"

❣❣အို...ဦးနော်❣❣Where stories live. Discover now