အတော်လည်း အရှက်သည်းတဲ့လူပျိုသိုးကြီး....

"ဦး...ဦးလို့"

"ဦးရေ....အချစ်ဆုံးကြီးရေ....အသည်းတုံးကြီးရေလို့"

"ဘာလဲ"

"အယ်ထူးပုံကြီးက စိမ်းကားလိုက်တာ
ကို့အသဲလေးကို အဲ့လိုထူးစရာလားလို့ ဘာလဲ ကျတော့ကိုစိတ်ဆိုးနေတာလားဟင် ဦးဦးပိကျိလေး"

"ကဲကြည့် မင်းလေးကတော့ လေ အလိုလိုက်မှန်းသိလို့ ကိုယ့်အပေါ် သိပ်ဆိုးတာပဲကွာ...တော်ပြီတော်ပြီ အဲ့လောက်ဆိုးရင် မချစ်တော့ဘူး"

"ဟာ...ဦးနော်သူများကို မချစ်ဘဲမနေပါနဲ့လို့ ဦးမကြိုက်ဘူးဆို ကျတော်မစတော့ဘူးနော်....နော်လို့"

မျက်လုံးလေးကလည်ကလည်နှင့်သူခေါင်းမညိတ်မချင်း တနော်နော်ထဲနော်နေသော ထိုကလေးငယ်အား သူဘယ်လိုစိတ်ဆိုးရမှန်းပင်မသိတော့ပေ။

ဒါကြောင့်မို့လည်း ထိုကလေးငယ်အား သူစိတ်မဆိုးကြောင်းပြောရလေတော့သည်။

"အင်း....လိမ္မာရင် ကိုကဆက်ချစ်မှာ မလိမ္မာလို့ကတော့..."

"ဟာဦးကလည်း သားက လိမ္မာပြီးသားဥစ္စာကို ဆက်ချစ်နော်"

"အင်း...အင်း...ချစ်မယ် ချစ်မယ်"

"ရေး....ဒါမှတို့ဦးကွ..... "

လိုချင်တာရသွားသည့်ကလေးတစ်ယောက်သဖွယ် သူ့စကားသံများကြား၌ ပျော်မွေ့သွားရှာသော ကလေးငယ်အား ကြည့်ရင်း  သူ့ရင်ထဲမှ စကားတစ်ချို့အား ပြောပြ ​​ရန်အတွက် ကလေးမျက်နှာဆီသို့ တည့်မတ်စွာ ကြည့်လိုက်လေသည်။

ပြီးမှ.....

"ကလေးလေး...."

"ဟင်...ပြောလေ....ဦး"

"ချစ်တယ်"

"အို...ဦးကွယ်"

စိတ်မဆိုးကြောင်းပြသည့်လူပျိုကြီး၏ စကားလုံးက ချစ်တယ်တဲ့၊ မှတ်လည်းမှတ်သားလောက်ပါဘိ ဦးဦးလူပျိုကြီးရယ်.....

ရင်ခုန်သံတို့ကြောင့် လှုပ်ရှား​နေ​သောစိတ်အစဥ်တို့အား ခေတ္တခဏ ချုပ်ထိန်းရင်း
ဟိုဝိုင်းမှသည်ဒီဝိုင်း၊ ဒီဝိုင်းမှသည် ဟိုဝိုင်းသို့ ကူးပြောင်း၍ ဧည့်ခံလာလိုက်ရာ များမကြာမှီအချိန်လေးအတွင်း၌ပင် ဝိုင်းအားလုံးလိုလိုပြီးစီးသွားခဲ့လေသည်။

❣❣အို...ဦးနော်❣❣Tempat cerita menjadi hidup. Temukan sekarang