"ကဲ အဲ့တာဆိုလည်း ကျတော်ပြောမယ်​သေချာနား​​​ထောင်လှည့်"

ပြောပြောဆိုဆိုနှင့်ပင် သူ့မျက်နှာအား မော့ကြည့်လာသော မျက်ဝန်းလှလှတချို့ကြောင့် ဟိုအမျိုးသမီးများကတော့မည်သို့ဖြစ်နေသည်မသိ သူကတော့ ရှက်သလိုလို ကြောက်သလိုလိုနှင့် ရင်တစ်ခုလုံး ချားရဟတ်စီးသလို အထက်အောက်ပြောင်းပြန်လည်နေလေ၏။

မညာစတမ်းပြောရလျှင် ထိုစကားများကိုလည်း သူကြားချင်မိသည်။

သို့ပေမယ့်လည်း ယခုလို အခြေအနေမျိုးနှင့်သာဆိုလျှင်တော့ သေချာပါသည် ထိုစကားအား သူကြားမိလိုက်ပါက မူးရင်မူး၊ မမူးရင်တော့ရူးတော့မှာပင်။

ထို အချိန်လေး၌တွင်ကား သူလေး၏ ဖူးမယောင်နှုတ်ခမ်းလေးများက ခပ်ဟဟဖွင့်ဟလာရင်း ရေးရေးသာမြင်နေရသည့် နှုတ်ခမ်းဖူး​လေးမှ ခပ်လှလှအပြုံးလေးတစ်ခုကိုပန်ဆင်ရင်း သူကြားချင်နေသော ချစ်စကားတို့အား စတင်၍ပင် ပြောလေတော့သည်။

"ကျတော်ကလေ ဟောဒီက လူကြီးကို အသည်းတွေ ကျွမ်းမတတ်၊ အူတွေပြတ်မတတ်၊ နှလုံးသားတစ်ခုလုံး အရည်ပျော်မတတ် အရမ်း...အရမ်း...အရမ်းတွေချစ်ပါတယ်လို့"

ဟိုက် သေပါတော့လား ကလေးလေးရာ....ဒီကကောင်ကြီးက အရည်ပျော်ရချည်ရဲ့....

"အယ်...မိညိုရေ ဘာတဲ့.."

"အရမ်းရမ်းတွေ ချစ်ပါတယ်တဲ့....ဟား...ဟား...ဟား"

"တော်ကြပါတော့ ကွယ်တို့ရယ် တော်ကြာနေ ဒီလူကြီးရှက်နေမှာဖြင့်....နော်...ဒီလူကြီး"

"ဟုတ်...အဲ...မဟုတ်"

"ဟား...ဟား...ဟား"

မိမိ၏ယောင်အအ အဖြေစကားတို့အား သဘောကျကာ ပွဲကျသွားသော ထိုကလေးမတစ်သိုက်ကြောင့် သူ့မျက်နှာ ဘယ်နားသွားထားရမှန်းမသိဖြစ်သွားရလေတော့သည်။

တော်ပါပြီ နောက်များဆိုရင်တော့ ဒီမေးခွန်းအား ယောင်လို့ပင် မမေးတော့ပါ။

ဂဲမှန်ဖူးသော စာသူငယ်လို ဒီတစ်ခါနှင့်ပင် ကြောက်အားပိုလှပါဘိ။

ငီး...အတော်ဆိုးတဲ့သောက်ကလေး...

မိဘုတ်တို့ဝိုင်းမှ စထွက်ကတည်းက
မျက်နှာကြီးရဲကာဖြင့်သာ လမ်းတစ်လျှောက်လုံး ဘာစကားမှ ပြောမလာသည့်ဦးကြောင့် မနေနိုင်သည့်ဆုံး မိမိကိုယ်တိုင်ကပင် စကားစမြည်စ၍ တီးခတ်ရလေတော့သည်။

❣❣အို...ဦးနော်❣❣Where stories live. Discover now