သို့သော်လည်း ထိုအရှက်က အမုန်းဖမက် ချစ်ခြင်းအရှက်ဖြစ်သည့်အတွက်ကြောင့် သူကျေနပ်စွာ လက်ခံပါ၏။

မည်သူတွေမည်သို့ပြောစေကာမူ သူလျှောက်သည့်လမ်းတိုင်းတွင် ဦးရှိမည်ဆိုပါက ထိုလမ်းသည် ငရဲလမ်း​ဖြစ်သည့်တိုင်အောင် သူဆက်လျှောက်လိမ့်မည်ထင်၏၊ ဘာအတွက်ကြောင့်လဲလို့တော့ မမေးလေနှင့်၊ ထိုလမ်းတွင် သူချစ်သော ဦးရှိနေ၍ပင်။

"ကလေး....က​လေး​လေး"

"ဟမ်...အော်....အင်း ခုနက...ကျတော့ကို ဘာပြောလိုက်တာလဲဟင် ဦး"

"ရော...ဘာတွေများဒီလောက်ထိတွေးနေတာလဲ ကိုယ့်ကလေးငယ်ရာ ဟိုမှာက​ဖြင့်မေးနေပြီ ကိုယ့်ကိုဘယ်လောက်ချစ်လဲတဲ့"

ဦးပြောလိုက်သဖြင့်ထိုနေရာသို့ သူလိုက်ကာ ကြည့်မိလိုက်တော့ ထိုသူတို့ကားအခြားမဟုတ်....

ထုံးစံအတိုင်း
ရွာစော်မိညိုနှင့် ပေါက်ကရ အကုန်လုပ် ဒေါ်ရွှေဘုတ်တို့တစ်သိုက်ပင်၊ တတ်လည်းတတ်နိုင်ပါဘိ။

ဒါကြောင့်မို့လည်း ထိုမိန်းမများအား သူမဲ့ကာကြည့်ပေးလိုက်တော့ သူမတို့ကလည်း ခါးတိုင်းကလိုပင် ပါးစပ်ဖြဲကြီးနှင့် တဟဲဟဲလုပ်လို့နေပြန်သည်။

"ဟာ ဦးရာ သူတို့ကသက်သက်မဲ့ကျွန်​တော်တို့ကိုနောက်နေတာ လာနောက်တစ်ဝိုင်းသွားကြမယ်"

"ကျွတ်....ကလေးကလည်း ကွာသူတို့​ကြားချင်တာလေးပြောလိုက်ရင် ပြီးသွားတဲ့ဥစ္စာကို....ဘာလဲမပြောချင်ဘူးလား"

မျက်နှာလေး ခပ်မဲ့မဲ့နှင့်သူ့အား အကြပ်ကိုင်လာသော ဦးအား သူတစ်ချက်ကြည့်လိုက်တော့ ဦးကိုယ်တိုင် ကပင် ထိုစကားအား ကြားချင်နေသည့်အလားပင်။

သေချာပါပြီလေ ဒီအဖြေအား ကြားချင်နေသည့် သူများအထဲတွင်တော့ ဟိုမိန်းမများနှင့်အပြင် သူ့ရှေ့မှ ကလေးတစ်ပိုင်း လူကြီးတစ်ပိုင်းကြီးပင် အပါအဝင်ဖြစ်လို့နေသည်၊  ထို့ကြောင့်လည်း သူကြားချင်နေသော စကားတို့အား သူကြားစေရန်အတွက် ဟိုမိန်းမများကို ခုတုံးလုပ်ကာ ပြောလိုက်ရလေသည်။

❣❣အို...ဦးနော်❣❣Where stories live. Discover now