"မနေတတ်ရင်လည်း ကို့လက်ကိုတွဲလိုက် ပြီးရင် သီချင်းထဲကလို မောင်ခေါ်ရာ လိုက်ခဲ့ပေါ့ ကလေးငယ်ရာ"

"ကြည့် ဒီလူကြီးကတော့လေ ပြောလေဆိုးလေပဲ မနိုင်ဘူး...."

"အဟက်....မနိုင်တာမဟုတ်ပါဘူးသည်းငယ်ရာ မင်းကိုယ့်ကို မပိုင်သေးတာပါ..."

စကားတတ်တိုင်း သူများအပေါ် ချွဲနွဲ့တတ်သည့် အချစ်ဆရာဝန် ဦးစေတန်အား သူမယှဥ်ဝံ့တော့သည်မို့ သူပင် အလျှော့ပေးလိုက်လေတော့သည်။

"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ ဟောဒီက ကိုယ်တော်ချောကြီးကို ပိုင်ဖို့ ကျတော်မျိုးအဆိုး ဘာတွေများဆက်လုပ်ရအုံးမှာလဲဘုရား"

"အိမ်း....အဲ့လိုအလိုက်တသိနဲ့မေးလာတော့လည်း ငါကိုယ်တော်လေးက ဖြေရတော့မှာပေါ့လေ....."

ပြောစရာစကားများကို ဆက်မပြောဘဲ ကျတော့အား ပြုံးစစလုပ်နေသော ဦးကတော့ တကယ့်ကို ရိုက်သတ်ချင်စရာ လေးပင်...

သို့ပေမဲ့လည်း ကျတော်ကိုယ်တိုင်ကပင် ဒီကလေးဆိုးကြီးအား ချစ်မိနေတော့ သူပြုသမျှကိုသာ လိုက်နုရုံမှတပါးအခြားမရှိတော့ပေ။

"ငါကိုယ်တော်လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဟောဒီက ကို့အသည်းကျော်​လေးလိုက်လုပ်ရမှာတွေက  ကိုယ့်လက်ကို မြဲအောင်ကိုင်ထား  ပြီးရင်တော့  ကိုခေါ်ရာနောက်ကို ကိုယ်နဲ့အတူ မသွေမသိမ်းလိုက်ခဲ့ဖို့ပဲ.... ဘယ်လိုလဲ သည်းငယ်လေး ကို့နောက်ကိုလိုက်မယ်မလား"

မလိုက်ဘူးလို့ ငြင်းပြန်ရင်လည်း  အတင်းဆွဲခေါ်မှာမို့လို့ သူ့သဘောအတိုင်းခေါင်းညှိတ်ကာ​ပြလိုက်တော့ ဦးဆိုသည့် ထိုလူသားက သူ့အား ေအာင်နိုင်သူတစ်ယောက်သဖွယ်ပြုံးပြရင်း မိမိဘယ်လက်အား သူ့ညာလက်တွင်ချိတ်စေလျှက် မင်္ဂလာ ရှိရာ မင်္ဂလာ ခန်းမထဲသို့ မင်္ဂလာ သီချင်းသံအတိုင်း မောင့်လက်ကိုမေတွဲသလို မေ့လက်လည်းမောင်တွဲကာသာ စတင်၍ လျှောက်လှမ်းလေတော့သည်။

ဆင်းရဲချမ်းသာမရွေး လူတန်းစား​အလွှာအသီးသီး တက်ရောက်ကာ ချီးမြှောက်ကြသည့် ဤမင်္ဂလာပွဲအလယ်၌ ချစ်ရသူ၏လက်ကိုတွဲကာ မင်္ဂလာ ပွဲဝင်ရသည့်မိမိအဖြစ်ကို ပြန်တွေးမိတော့လည်း အနည်းငယ်တော့ ရှက်မိသား။

❣❣အို...ဦးနော်❣❣Where stories live. Discover now