"ဗျာ...ဗျ"
"ချစ်လားလို့.... "
"ဟွန့်လူလည်လေး ကဲပြော ဒီကကျွန်တော်မျိုး ဘာလုပ်ပေးရမလဲ"
"အာ....ချစ်လိုက်တာနော် ကို့အသည်းကြီးက အဲ့လိုလိမ္မာမှပေါ့
ကျတော့ကို အောက်ကို ချပေးတော့နော် ဟိုးကလူတွေကျတော်တို့ကို ဝိုင်းကြည့်နေပြီဗျ"
"အဲ့တော့...."
"ဟာ ဦးကလည်း မဆိုးနဲ့ကွာ.... သူတို့ကဝိုင်းကြည့်နေတော့ ကျတော်ကရှက်တာပေါ့လို့"
ပြောပြောဆိုဆိုနှင့် ခေါင်းလေးကိုငုံ့လာရင်း ချစ်စဖွယ် ရှက်ပြနေသော ဒီကလေးပေါက်စအား စေတန်တစ်ယောက် အသည်းယားသည်ထက်ပင် အသည်းယားလာရသည်။
ဒါကြောင့်မို့လည်း ထိုကလေးအား အောက်ကိုချပေးလိုက်တော့ ၊ အလိုက်သိစွာနှင့်ပင် သူလေးက ကျတော့ရင်ခွင်ထဲသို့ ကလေးပေါက်လေးပမာ တိုးဝင်လာလေလျှက်။
"အာရား....ဒီကလေးကတော့လေ ကို့သမာဓိကိုများလာစမ်းနေရော့သလားဟင် သည်းငယ်လေး"
"အို....ဦးနော်ဘာမှန်းလည်းမသိဘူး... ဟွန့်သွားလူဆိုးကြီး"
အရှက်ပိုတတ်သော ဒီကလေးလေးနဲ့ အချစ်ကြီးချစ်တတ်သော ကျတော် ဒီမင်္ဂလာပွဲကို မည်သို့ပင် နှစ်ပါးသွားရတော့မည်မသိ၊ အခုအချိန်သူသိတာကတော့ ထိုကလေး၏ ဖူးမယောင်နှုတ်ခမ်းပါးလေးပင်။
"ကလေး....ကလေးလေးလို့ ဟာ ကိုယ့်ကိုကြည့်အုံးလေကွာ"
"အို....ဦးကလည်း ကျတော့ရှက်တယ်ဗျ "
မိမိရင်ခွင်ထဲ၌ မျက်နှာမဖော်တမ်းပုန်းကွယ်နေသော ကလေးငယ်ကတော့ ရှက်နေလေသည်တဲ့....
"မရှက်ပါနဲ့ ကလေးငယ်ရာ မင်းလက်တွဲရမယ့်သူက မင်းကို အသက်လောက်ချစ်တဲ့လူဆိုတာ မင်းလေးသိရင် အခုလိုမျိုး အရှက်သည်းနေအုံးမှာလားဟင် ကိုယ့်အသည်းလေး"
"အပိုတွေပြောပြန်ပြီ"
"ကို့အချစ်က မင်းအတွက်ဆိုရင် အမြဲတမ်းပိုနေဆဲပါ ကို့ကလေးလေးရာ"
"ဟာ...ဦးနော် ဘာတွေပြောနေ မှန်းလည်းမသိဘူး ဒီကလူမနေတတ်တော့ဘူးဗျ"
YOU ARE READING
❣❣အို...ဦးနော်❣❣
Horrorမင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့ အချစ်တွေဟာ ဦးနောက်ကို အမြဲတစေလိုက်နေမှာပါ ဦးရယ် 💗💗ကမ္ဘာလွှမ်း💗💗
part-36
Start from the beginning
