ပါးမို့မို့နှစ်ခုလုံးနီရဲကာ တခြားတစ်ဖက်ဆီသို့ လှည့်သွား​​သောထိုကလေးငယ်အား သူလိုက်မကြည့်တာတောင် အတတ်သိနေလေသည်၊ ကျတော့ အသည်းလေးရှက်နေလေပြီ။

အဟက်....

"ဘာရီတာတုန်း...ဟွန့်"

မကြားတကြား ကျတော့ရယ်သံကိုပင် ကြားဖြစ်အောင်ကြားလိုက်သော ကလေးငယ်ကတော့ကျတော့လက်ပေါ်မှ ကျွန်​တော့အား ချစ်စဖွယ် ဘုကြည့်ကြည့်နေလေရဲ့။

"ဟောဗျာ....အဲ့တာက ဘာထဖြစ်တာတုန်းသည်းငယ်လေးရဲ့ .....မဟုတ်မှလွဲ​ေရာကောင်လေးတစ်ယောက် ကိုယ့်ကို စိတ်ကောက်နေတာများလားမသိပါဘူးကွာ....ဟား...ဟား...ဟား"

"ဟာ.....ခင်ဗျား​ကြီးနော် သူများကို လာမစနဲ့"

"အယ် ကိုယ် ဘယ်မှာစလို့လဲသည်းငယ်​လေးရဲ့..."

"မသိဘူးကွာ မသိဘူး ကျတော့ကိုပြန်ချပေး....အခုပြန်ချပေးလို့"

"မချပေးဘူးကွာ မချပေးဘူး "

"ဟာ....ခင်ဗျားနော်သက်သက်မဲ့လာမညစ်နဲ့ ကျတော့ကို  မချ​ပေးဘူးလား ချမှာလားပြော"

" မ ချ ပေး ဘူး"

မိမိ၏ အမေးအား  တစ်လုံးချင်းဆီပြောနေသော ထိုငနဲကြီးကတော့ လူယုတ်မာအပြုံးကြီးနှင့် တကယ့်ကို ရိုက်သတ်ချင်စရာ ကြီးပင်။

ယခုဆိုရင်ဖြင့် မင်္ဂလာပွဲလာ ဧည့်သည်များကလည်း သူတို့အားဝိုင်းကြည့်နေကြပြီမို့ အပွဲပွဲနွှဲလာခဲ့သော ကျတော်လေး ဒီတစ်ပွဲတွင်တော့ အရှုံးပေးလိုက်ရတော့သည်

ဒီလိုမှမဟုတ်ရင်တော့ ဒီငနဲကြီးက သူ့အပေါ် ညစ်မဲမဲကာ အရှက်ကွဲအောင် ညစ်မြဲအတိုင်း ဆက်ညစ်အုံးမှာပင်။

"ဦး...ဦးလို့ ကျတော့ကို ချစ်ဘူးလားဟင်"

"ဟာ ကျတော့ကိုချစ်ဘူးလားလို့"

ရန်ဖြစ်နေသည့်ကြားကပင်  ချက်ချင်းကြီးချိုသာလာသော ဒီကလေးကြောင့် နဂိုကတည်းကမှ လဲပြိုချင်နေရှာသော ဒီလူကြီးခဗျာ ဘယ်လိုပုံစံမျိုးနဲ့ စိတ်ဆိုးရမှန်းတောင်မသိတော့ပေ။

တတ်လည်းတတ်နိုင်တဲ့သောက်ကလေး....

"ဟာ....ဦးလို့ ပြန်ထူးအုံးလေ"

❣❣အို...ဦးနော်❣❣Where stories live. Discover now