အလုပ်သွားရန်အတွက် ထမင်းချိုင့်ပြင်ဆင်နေတုန်း ဧည့်ခန်းထဲတွင် TVထိုင်ကြည့်နေသော
အမေ့စကားကြောင့် သျိုင်းဆက် အမေ့ဆီ
အပြေးသွားမိသည်။
ထိုင်ခုံ‌ပေါ်တွင် ထိုင်နေသော
အမေ့မျက်နှာကိုသေချာကြည့်လိုက်ပြီး

" ဘာဖြစ်လို့လဲဟင်
အ‌မေ နေမကောင်းလို့လား "

" ကောင်းပါတယ် သားရယ်
အခုတလော သတင်းတွေက
မကောင်းတာတွေချည်းပဲ တက်နေတော့
သားအတွက် စိတ်ပူလို့ပါ "

အမေ့စကားကြောင့် ကျွန်တော် Tvကိုကြည့်လိုက်တော့ တနေ့က clubတစ်ခုတွင် ဖြစ်ပွားခဲ့သော သတင်းကို ပြန်လည်ထုတ်လွင့်နေသည်။

ကျွန်တော် ပြုံးလိုက်ကာ TVကို ပိတ်လိုက်ပြီး
အမေ့ရှေ့ ဒူးထောက်ကာ ထိုင်ချလိုက်သည်။

" စိတ်မပူပါနဲ့ အမေရယ်...
သားက အဲ့လို နေရာတွေ သွားတတ်တာမှမဟုတ်ပဲ အိမ်နဲ့အလုပ်ပဲ သွားစရာရှိတာ "

" ဒါပေမယ့် အန္တရာယ်ဆိုတာ
ကြိုမမြင်ရဘူးလေ သားရယ်
ဘာပဲဖြစ်ဖြစ် သွားတာ လာတာ ဂရုစိုက်နော် သား...အဲ့လို လူတွေတွေ့ရင်လဲ
အတတ်နိုင်ဆုံးရှောင်နော် "

အမေ့စကားကြောင့် ဇက်ဆိုသောလူနှင့်
ဟိုညက အဖြစ်အပျက်တွေကို
ပြေးမြင်‌ယောင်မိပြန်သည်။
ထိုအကြောင်းကို အမေမသိလို့
တော်သေးသည်။သိသာသိသွားခဲ့ရင်...
သျိုင်းဆက် ဆက်မတွေးဝံ့တော့

" သား အမေ့ကို အရမ်းချစ်တယ်
သားမှာ အမေတစ်ယောက်ပဲရှိတာ
အဲ့ဒါကြောင့်ကျန်းကျန်းမာမာ‌နေပေးရမယ်‌နော် "

ကုလားထိုင်ပေါ်တွင် ‌ခြေချထိုင်နေသော
အမေ့ပေါင်ပါ် မေးတင်လိုက်ရင်း
ပြောလိုက်တော့ ကျွန်တော့်ဆံပင်တွေကို
သပ်တင်ပေးရင်း အမေက ပြုံးသည်။

" အမေလဲ ချစ်ပါတယ် အချွဲတုံး‌လေးရဲ့ "

" ဟင့်အင်း..သားက ပိုချစ်တာပါနော် "

" အမလေး သားအမိနှစ်ယောက်
ချစ်‌နေလိုက်ကြတာ အိမ်ထဲ လူဝင်လာတာတောင် မသိကြဘူးပေါ့လေ "

Stay With MeWhere stories live. Discover now