Part(2)

597 27 2
                                    

#Unicode

လွန်ခဲ့သော 2 နှစ်ခန့်က....

" သျိုင်းဆက်...ဟိတ်ကောင် ''

" ဗျား...''

ဆိုင်ပိုင်ရှင် သူဌေး၏
စူးစူးဝါးဝါး အော်နှိုးသံကြောင့်
မီးဖိုချောင်ထဲ ခိုးအိပ်နေသော
သျိုင်းဆက်တစ်ယောက် ခေါင်းထထောင်က
ပျာပျာလဲလဲ ပြန်ထူးလိုက်ရသည်။

" မင်းအလုပ်ချိန်ကြီး..အိပ်နေပြန်ပြီ
ထစမ်း..လူကျနေပြီ..မင်းအိပ်ဖို့လာတာဆိုရင် အလုပ် လုပ်မနေနဲ့တော့ ''

" ဟုတ်...တောင်းပန်တယ်
ကျွန်တော် ညက ၃ နာရီပဲ အိပ်ရသေးလို့
နည်းနည်းငိုက်သွားတာပါ...''

" မင်းဟာမင်း ဘယ်ချိန်အိပ်ရအိပ်ရလေ...
ငါ့အလုပ်ထဲ အချောင်လာမခိုနဲ့...
နောက်တစ်ခါဆို..မင်းအလုပ်ထွက်ရမယ်မှတ်
မြန်မြန်သွား ဟိုမှာ လူကျနေပြီ ''

" ဟုတ်ကဲ့...''

အိပ်ချင်လွန်း၍ ကျိန်းစပ်နေသော
မျက်လုံးတို့အား လက်ခုံဖြင့်ဖိပွတ်ကာ
Billရှင်းဖို့ ခေါ်နေသော စားပွဲဝိုင်းဆီသို့
အပြေး သွားလိုက်သည်။

" ဘယ်လောက်ကျလဲ သား ''

" ဟုတ်ကဲ့ ခနလေးစောင့်ပါနော် ''

သျိုင်းဆက် ငွေရှင်းကာင်တာဆီ
သွားလိုက်ပြီး Cashierအမကြီးဆီက
Bill စာရွက် တောင်းလိုက်ကာ စားပွဲဆီ
ပြန်လျှောက်လာခဲ့သည်။

" ဧည့်သည်...အားလုံးပေါင်း ငါးသောင်းခွဲ
ကျပါတယ် ခင်ဗျ...
ဒီမွာ Billစာရွက်ပါ... ''

" ဟို....ဟိုလေ..''

" ဟုတ်ကဲ့ ဘာလိုအပ်သေးလို့လဲ ခင်ဗျ..''

အသက် 40 ခန့်လောက်ရှိမည်ထင်ရသော
ဧည့်သည် အန်တီကြီးမျက်နှာမှာ
ပျက်ယွင်းနေသည်။
လက်ထဲတွင် တစ်သောင်းတန် တစ်ရွက်ကို
ဆုပ်ကိုင်ထားကာ
တစ်ခုခုကို ပြောချင်နေပေမယ့်
ရှက်ရွံ့ နေသလိုလို...
သူ့ဘေးတွင်တော့ ၁၀နှစ်အရွယ်
ကလေးမလေးတစ်ယောက်က
ဟိုငေးဒီငေးနှင့် ထိုင်နေသည်။

Stay With MeWhere stories live. Discover now