Chapter 41 (Zawgyi)

Start from the beginning
                                    

" ကိုယ်လည်း ဗိုက်ဆာနေပြီလို့ ပြောနေတယ်လေ... "
ချန်းကောက ကျွန်တော့် ပုခုံးများကို သူ့လက်ဖြင့် ဖိကိုင်လိုက်ပြီး အနားနား ကပ်ကာ တိုးတိုးပြောလေသည် ။
" ငါ အခု အရမ်းဆာနေပြီ... မဟုတ်ရင် မင်းကို စားလိုက်ရမလား... "

ကျွန်တော် စိတ်ပျက်စွာဖြင့် ပြဇာတ်ရုံအပြင်ဘက်သို့ လျှောက်ထွက်လာမိသည် ။ချန်းကောကလည်း ကျွန်တော့်ဘေးမှ တောက်လျှောက်ပါလာလေသည် ။မကြာမီ၌ပင် ချန်းကော ကားရပ်ထားသော နေရာနားသို့ ရောက်လာလေသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ကျွန်တော် စိတ်ပျက်စွာဖြင့် ပြဇာတ်ရုံအပြင်ဘက်သို့ လျှောက်ထွက်လာမိသည် ။
ချန်းကောကလည်း ကျွန်တော့်ဘေးမှ တောက်လျှောက်ပါလာလေသည် ။
မကြာမီ၌ပင် ချန်းကော ကားရပ်ထားသော နေရာနားသို့ ရောက်လာလေသည် ။

" ကားပေါ်တက်... "
ချန်းကောက သူ့ကားသော့ကို ရီမုဖြင့် လှမ်းဖွင့်လိုက်ရင်း ကျွန်တော့်ကို သူ့ကားပေါ် ခေါ်လေသည် ။

" မလိုက်တော့ဘူး ... ကျွန်တော် ရထားပဲ စီးသွားမယ်... "

" ဝင်စမ်းပါ... ကိုယ်လည်း တရုတ်တန်းဘက်ကို ပြန်မှာပဲ... မင်း Union Square ဟိုတယ်ဘက် သွားမလို့ မဟုတ်လား... "
ချန်းကောက ကျွန်တော် စာပို့သည်ကို ခိုးကြည့်ခဲ့သည်ထင်သည် ။
ကျွန်တော် Union Square သွားမည်ကိုပင် သိနေလေသည် မဟုတ်လား ။

" ရတယ် ကျွန်တော့်ဘာသာ သွားလို့ရတယ်... "

" တစ်လမ်းထဲပဲ ဟာကို... တက်စမ်းပါ... "
ချန်းကောက သူ့ကိုယ်သူ ယုံကြည်မှုရှိစွာဖြင့် ကားထဲသို့ ဝင်ထိုင်ပြီး ကျွန်တော် တက်လာမည်ကို စောင့်နေလေသည် ။
သူ့ကိုယ်သူ အထင်ကြီးနေသော ယောက်ျား တစ်ယောက်ကို မြင်ရသည်မှာ ကျွန်တော့်အတွက်တော့ စိတ်ပျက်စရာ ကောင်းလှသည် ။

သို့သော်လည်း ဒီနေ့သည် ချန်းကော ဆီတွင် အလုပ်စဝင်သော ပထမဆုံး နေ့မို့ ဒီ့ထက်ပို၍ ပဋိပက္ခ မဖြစ်ချင်တော့ ။
ထို့ကြောင့်ပင် စိတ်ကိုလျှော့ပြီး ကားတံခါးကို ဖွင့်ကာ အရှေ့ခန်းတွင် ဝင်ထိုင်လိုက်ရလေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now