နှစ်ယောက်သား
“ဟုတ်” “ဟုတ်” ဟု အသံလေးများထွက်လာကြတယ်….

“ကိုယ့်အမှားကိုယ်သိကြတာမို့ အပြစ်ခံယူသင့်လား မသင့်ဘူးလားပြော”ဟု ဦးထက်မြတ်ကပြောတော့

ထုံးစံအတိုင်း အသွက်ကိုယ်တော်လေး ဂုဏ်ရည်လွှမ်းကဘဲ
“ဖေ့ထက်‌ပြောစကားကို သားတို့မတည်လို့ အမှားဆိုတာကလက်ခံပါတယ် အခုဟာက ကိုယ်ထိလက်ရောက်စော်ကားတာဆိုတော့ ဘယ်လိုမှသည်းခံလို့မရတဲ့ အချေအနေ ကိုယ့်ကိုအနိုင်ကျင့်စော်ကားတာကို သည်းခံခွင့်လွတ်ပေးဖို့က သားတို့ကကလေးတွေဘဲရှိသေးတယ် ဖေ့ထက်စကားကို စဉ်းစားပါသေးတယ် မရတော့တဲ့ စိတ်အချေအနေအရ သူတို့မှပြောလို့မရတော့လဲ ရတဲ့နည်းနဲ့ လုပ်လိုက်ရတာပေါ့ ဖေ့ထက် သူတို့သားတို့ကို တံတွေးထွေး သွေးထွက်အောင်လုပ် သူများစားမယ့် အစားအစာကိုလုပြီး အနိုင်ကျင့်ပြီး ခြေထောက်အောက်နင်းချေနေတာကို ရန်ဖြစ်လိုက်လို့ ဖေ့ထက် မကြိုက်ဘူးဆိုရင် ဖေ့ထက်ကြိုက်တဲ့အပြစ်ပေးပါ ဖြစ်လာတဲ့အကျိုးဆက်အတွက် ပြန်ပေးဆပ်ရမှာဘဲ သားတို့ ကျေကျေနပ်နပ်လက်ခံပါ့မယ် “ ဟု ပြောလိုက်တော့

လူကြီးများအားလုံး ပြောစရာစကားလုံးအကုန် ပြောက်ရှကုန်ပြီး ဘယ်လိုဆက်ပြောရမှန်းမသိဖြစ်ကုန်ကြတော့တာပေါ့ ဂုဏ်လေးဟာ အပြောကြွယ်အေးဆေးပြီး လုပ်ပြီးရင် ဖြစ်လာမည့်အကြိုးဆက်ကို နားလည်လက်ခံသည့်ကလေးဖြစ်မှန်း သေချာကို သိသွားပါတော့တယ်…

အလျှောက်ကောင်းလို့ အထောင်းသက်သာဆိုသလို ကလေးများပြောသည်မှာ မှန်သည့်အတွက် ဦးထက်မြတ် ညိမ်နေလိုက်တော့တယ်

"ပြောစရာရှိတာနောက်မှပြောကြတော့ အခုသားနေနဲ့ သားဂုဏ်ကိုဆေးထည့်ပေးရမယ် ဆေးမထည့်ခင် သားတို့ ရေသွားချိုးချည် ချိုးပြီးရင် မေမေတို့ဆေးထည့်ပေးမယ် သွားတော့သားတို့ သားနေ့အခန့်မှာဘဲ ရေချိုး အဝတ်စားလဲလာခဲ့တော့ ကြားလားသားတို့" ဒေါ်မာလာပြောလိုက်ပြီး သားနှစ်ယောက်ကလဲ

"ဟုတ်""ဟုတ်" ဟု ပြိုင်တူ ပြောပြီးရေချိုးရန် နေထက်မြတ်အခန်းကို ဝင်သွားကြတော့တယ်...

ကလေးများထွက်သွားတော့ လူကြီး ၄ယောက်လဲ စဉ်းစားခန်းဆွေးနွေးခန်းကို ရောက်သွားတော့တယ်.....

မာနကျိန်စာ (Completed)Where stories live. Discover now