Episode-5

1.6K 60 0
                                    

Unicode

အိမ်ပြန်ရောက်တော့ ဦးဓနဂုဏ်တို့အိမ်ကို အရင်မဝင်ဘဲ ဦးထက်မြတ်တို့၏အိမ်ကိုသာ ဝင်လိုက်တော့တယ်……

ကလေးနှစ်ယောက်မှာ သူတို့အပြစ်နှင့်သူတို့ဖြစ်တာကြောင့် ဘယ်သူမှမလှုပ်ရဲကြ ထိုအခြေအနေကို ဦးထက်မြတ်က စတင်ဖြိုခွဲလိုက်တော့တယ်

“ အဟမ်း…… ဂုဏ်လေးနဲ့ နေလေး ဆိုပါဦး အရမ်းလိမ်မာကြတယ်ဟုတ် အသက်ကအခုမှ ၁၀ နှစ် အရမ်းကို လူမိုက်လုပ်ချင်နေကြတယ်ပေါ့ ဟင်ပြောကြပါဦး…. မနက်က ဖေဖေ ဘာပြောခဲ့လဲ ဘာတွေ ကတိတောင်းလာခဲ့လဲ ဘာတွေတားမြစ်ခဲ့လဲ  ဘယ်သူတွေက ကတိတွေပေးခဲ့လဲ ပြောကြလေ အခုမှ အသံတိတ်နေကြတာ လုပ်ပါဦး hero တွေ လူစွမ်းကောင်းနှစ်ကောင်ရဲ့”

“ဖေဖေ့မှာ ဝမ်းသာလိုက်ရတာ ငါ့သားလေးတွေ အရမ်းလိမ္မာကြလို့ တော်ပါတယ်ဆိုမှ ယောက်မမြင်းစီးလုပ်ကြတယ်ပေါ့ ဟုတ်လား”

ထိုအခါဂုဏ်လေးက ဖေထက်စကားမှားသွားတာကို ကြားတော့ ချက်ချင်းပြန်ထောက်တယ်

“ဖေ့ထက် ယောင်းမလောက်တော့လုပ်ပါ ယောက်မဖြစ်နေတယ် ယောင်းမနဲ့ ယောက်မက တူမှမတူတာ မြင်းစီးထွက်တာ မြင်းစီးလုပ်ကြတာမဟုတ်ဘူး” ဟုပြန်ပြောတော့

ဦးထက်မြတ် ပါးစပ်က အဟသား အံဩမှုတွေနဲ့ နင်သွားတယ်…

အမေတွေကလဲ ဂုဏ်လေးပြောတာကို သဘောကြပြီး ရယ်ကြဲကြဲနဲ့ ပြုံးနေကြတော့တယ်…

“ကဲ ဘယ်လိုဖြစ်ဖြစ် လူတက်ကြီးပြောပါဦး မနက်က ဘာပြောခဲ့လဲ ကျောင်းလိုက်ပို့ရင်း ဂုဏ်လေး “ ပြောလိုက်တော့

“ရန်မဖြစ်ရဘူး လို့ပြောလိုက်တယ် ဖေ့ထက်” ဟု မျက်နှာလေးအောက်ချပြီး တိုးတိုးလေးပြောလိုက်တယ်

ထို့နောက်ဆက်ပြီး ဦးထက်မြတ်က
“ အသံတိတ်ကိုယ်တော် လေး နေထက်မြတ် ပြော ကြည့်ပါဦး အခုမှအသံကမထွက်ဘူး အသံဝင်နေလို့လားဟင် အသံလေးဘာလေးထွက်ပါဦး အလိမ္မာလေးရဲ့” ဟုဆက်ပြောလိုက်တယ်

“ဟုတ်ဖေဖေ မနက်ကကျောင်းလိုက်ပို့ရင်း ရန်မဖြစ်ရဘူးလို့ ဖေဖေမှာထားပါတယ်”လို့ နေလေးကပြောလိုက်တော့

ဦးထက်မြတ်က “ဟုတ်ပြီ အခုတော့ ကိုယ့်အမှားကိုယ်သိကြလား “ဟုမေးလိုက်ကြတော့

မာနကျိန်စာ (Completed)Where stories live. Discover now