အပိုင်း(၁၂)နောက်ဆုံးသောအသက်ကယ်ဆေး

Bắt đầu từ đầu
                                    

"မင်းနိုးနေရင်လည်း ဘာလို့သူများရင်ဘတ်နားမှာလာကပ်ပြီးနေနေတာလည်း ကိုယ်အရင်ကမွေးခဲ့ဖူးတဲ့ခွေးလေးလည်း အဲ့လိုပဲ ကိုယ့်အိပ်ယာပေါ်ထိလာလာပြီးအိပ်တာ အဲ့အချိန်တိုင်းကိုယ်က သူ့ခေါင်းကိုပွတ်ပေးနေကျ"

နေအဂ္ဂါက အရေထူထူနဲ့ပဲ အိပ်ယာပေါ်ထောက်ထားတဲ့လက်တွေပေါ် မေးတင်ပြီး ပျင်းတိပျင်းရွဲပြောလိုက်တယ်

ညဏ်းဧကရာဇ်အိပ်ယာပေါ်ကအမြန်ထထိုင်လိုက်ပြီး အပြင်းအထန်ငြင်းခုန်တော့တယ်

"မင်းလက်တွေက ငါ့ကိုအသေဖတ်ထားတာလေ ငါတစ်လက်မလေးတောင်ရွှေ့လို့မရအောင်ဖတ်ထားတာ "

နေအဂ္ဂါက မွေ့ယာပေါ်ဘေးတစ်စောင်းအနေအထားနဲ့လဲလျောင်းနေပြီး သူ့ခြေကျင်းဝတ်ဖြူဖြူနှစ်ဖတ်ကိုလိမ်ယှက်ထားတယ် နေအဂ္ဂါ ကသူ့ လက်မောင်းတစ်ဖတ်ပေါ်မှာ ခေါင်းအုံးထားရင်း မြှူဆွယ်ဖြားယောင်းတဲ့အသံလေးနဲ့ပြောလိုက်တယ်

"ကိုယ့်ကိုတစ်ခုခုလုပ်တုန်းက အားအင်တွေရော သြော်...ဟုတ်သား မင်းရဲ့ဟိုအရည်တွေနဲ့အတူရောပါသွားလောက်ပြီ"

"နေအဂ္ဂါ....မင်း..တစ်စက်လေးမှအရှက်မရှိဘူး"

ညဏ်းဧကရာဇ်က လက်ညှိုးတစ်ထိုးထိုးနဲ့ အော်ပြောလိုက်ရင်းသူ့မျက်နှာတွေက မီးကျဲခဲလိုနီရဲနေလျှက်သားဖြင့် ရေချိူးခန်းထဲသို့ပြေးဝင်သွားသည် ဒေါသထွက်သွားတာလား ရှက်သွားတာလားတော့ နေအဂ္ဂါမခန့်မှန်းတက် နေအဂ္ဂါက ပုခုံးတွေတုန်တက်နေအောင်အထိ အော်ရယ်နေပြီး ညဏ်းဧကရာဇ်က လူပျိူဖော်ဝင်ကာစ မနူးမနပ်လေးလိုခံစားလိုက်ရသည် ရှက်သွေးဖြာသွားတဲ့ ကလေးလေးကိုစရတာ သူ့အတွက်အတော်လေးပျော်စရာကောင်းလှသည်ညဏ်းဧကရာဇ် ရေချိူးခန်းထဲဝင်နေစဥ်အတောအတွင်းမှာပဲ သူ့ဖုန်းက နှစ်ခါတောင်တုန်ခါလာသည် နေအဂ္ဂါက သူ့သိချင်စိတ်ကိုထိန်းမရတော့တာကြောင့် ဖုန်းကိုခိုးကြည့်လိုက်တော့ကံဆိုးစွာနဲ့ဖုန်းက လျိူ့ဝှက်နံပါတ်ခံထားတာကြောင့် သူဖွင့်လို့မရဘူး ဒါပေမဲ့တစ်ဖတ်ကလူဘယ်သူလည်းဆိုတာ သူမြင်လိုက်ရတယ် "ချမ်းလေး"ထပ်ပြီးတော့ "ချမ်းလေး"ပဲလား သူစိတ်မကျေမနပ်စွာနဲ့ မျက်ခုံးတွေကိုတွန့်ချိူးလိုက်တယ်
ညဏ်းဧကရာဇ် ရေချိူးခန်းထဲက ထွက်လာတဲ့အခါ နေအဂ္ဂါက တည်တည်ငြိမ်ငြိမ်ပဲ ဧည့်ခန်းထဲမှာထိုင်​နေပြီး သူ့ဖုန်းထဲကတစ်ခုခုကိုစိတ်ဝင်တစားကြည့်နေတယ် ညဏ်းဧကရာဇ်က နေအဂ္ဂါရဲ့လူငယ်ဆန်ဆန် အဝတ်အစားတစ်စုံကိုဝတ်ထားပြီးတော့ ခပ်တည်တည်ပဲနေအဂ္ဂါရှေ့မှာထိုင်လိုက်တယ်

Before I Fall You[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ