အဲ့ဒီအနံ့လေးကိုပဲ အဆုတ်ရဲ့ ဟိုးအောက်ခြေရောက်တဲ့အထိ ရှိုက်သွင်းပစ်လိုက်မိပါရဲ့။
တစ်ယောက်တည်း တိတ်ဆိတ်နေရတာက ကြောက်လန့်စရာကောင်းနေသလို သိပ်ကိုလည်း အထီးကျန်ဆန်လွန်းတယ် ...
ငါမင်းကို လိုအပ်နေပြီ ...
မြန်မြန်ပြန်လာပါတော့ ...ကြောက်ရွံ့အားငယ်စိတ်တွေကြောင့် တစ်ကိုယ်လုံးကို အသေးငယ်ဆုံး အမှုန်အမွှားလေးအဖြစ် လွင့်စင်ကွယ်ပျောက်သွားချင်တဲ့အထိ။
ခဏလောက်ဖြစ်ဖြစ် သေချင်တယ် ...
ဘတ်ဟျွန်းက အိပ်ရာပေါ်မှာ ကိုယ်လုံးလေးကို ကျုံ့နိုင်သလောက် ကျုံ့လိုက်တယ်။ သေးနိုင်သမျှ သေးအောင်။ ဖြစ်နိုင်ရင် ဘယ်သူမှ မမြင်ရလောက်တဲ့ အနေအထားရောက်တယ်လို့ ခံစားရတဲ့အထိ။
ဒူးကို ရင်ဘတ်နား ရောက်တဲ့အထိ ကွေးကွေးလေး လှဲအိပ်ပြီး ခြေထောက်တွေကို လက်ကလေးနဲ့ ပြန်ဆွဲပိုက်ထားရင်း ချန်းယောလ်ကို စောင့်တယ် ...
တစ်ယောက်တည်း ....
တိတ်ဆိတ်လွန်းစွာ .....
အထီးကျန်စွာ .....
ဒီလိုနဲ့ .... တစ်ယောက်တည်း ......🍀🍀
အဲ့ဒီနေ့က ... ချန်းယောလ်နဲ့ ခင်မင်ပြီး ပထမဆုံး ချန်းယောလ်နဲ့အတူတူ ကျောင်းစတက်တဲ့နေ့။
မူလတန်းကျောင်းသားလေးပဲရှိသေးတဲ့ ဘတ်ဟျွန်းက သူ့ထက် ၆ လငယ်တဲ့ ချန်းယောလ်ကို ဆရာလုပ်ပြီး တစ်နေရာရာကို ခေါ်သွားနေတာ ...
" စိတ်အားထက်သန်စွာ ဆုတောင်းရင် ဆုတောင်းတွေ ပြည့်တတ်တယ်တဲ့ ... သေချာဆုတောင်းနော် ချန်းယောလ်လီ "
" အင်း ... "
တိတ်ဆိတ်နေတဲ့ ဘုရားကျောင်းထဲမှာ
ကလေးငယ်နှစ်ယောက် ...
အသက်အရွယ်နဲ့ မလိုက်ဖက်စွာ ငြိမ်ငြိမ်သက်သက်လေး ဆုတောင်းနေခဲ့ကြတယ် ...' ချန်းယောလ်လီရဲ့ နာကျင်မှုတွေ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ '
ဘတ်ဟျွန်းရဲ့ ဆုတောင်းလေးက ရိုးရှင်းတယ် ..
' ကျွန်တော် မရှိတော့သည့်တိုင်အောင် ...
ဘတ်ဟျွန်းနီ ပျော်ရွှင်တတ်ပါစေ ... '
' ကျွန်တော် မချော့နိုင်တော့တဲ့ အချိန်တွေမှာလည်း
ဘတ်ဟျွန်းနီ အငိုတိတ်နိုင်ပါစေ .. '
Final
Start from the beginning