Hyuckက သူ့ကို စကားဆက်မပြောဘဲ အခန်းပြင်ကို ထွက်သွားသည် ။ ပြီးတော့ Jisungက ၀င်လာပြီး သူ့ကို ထူသည် ။

ယိုင်လဲချင်နေသည့် ခြေထောက်တွေက လူနာစောင့်အတွက် ထည့်ပေးထားတဲ့ ဆေးရုံကုတင်ပေါ်ကို ရောက်မှ အဆင်ပြေတော့သည် .. မဟုတ်ရင် သူတကယ်ကို ပြိုလဲတော့မှာ ။

ဒါပေမယ့် သူ အဲ့ဒီညက ဟန်နီ့အခန်းမှာ ‌အတူတူနေခွင့်မရခဲ့ပါ ။
သူ အိပ်မပျော်ခဲ့တဲ့ ည ။
သူ့အခန်းမှာ လူနာစောင့်ပေးဖို့ နေခဲ့တဲ့ Mark Hyungနှင့် Chenleက တကယ်ကို အိပ်ပျော်နေတာမို့ .. အိပ်မပျော်နိုင်သည့် သူက တစ်ယောက်တည်းပဲ ထထိုင်နေရသည် ။

ဘာမှ လုပ်စရာမရှိတော့ သူ့လက်တွေရွေ့နေသည်က သူ့ခေါင်းအုံးအောက်မှာထားထားတဲ့ ဟန်နီသူ့ကို ပေးခဲ့သည်ဆိုသည့် စာအုပ်ကလေးဆီ ။

ပထမစာရွက်ကို ထပ်မဖတ်ချင်တာမို့ ကျော်လိုက်တော့ ဒုတိယစာရွက်က "Diary" တဲ့ ။

လေးလံနေတဲ့ လက်တွေက နောက်တစ်ရွက်ကို ‌ဖြည်းဖြည်းချင်း လှန်နေမိသည် ။
ရင်းနှီးခဲ့ဖူးသည့် လက်ရေးတွေက စာတစ်မျက်နှာ အပြည့်နေရာယူလို့ ..။

သူသိခဲ့လိုက်ရတာက ပင်ပန်းနေခဲ့တာ သူတစ်ယောက်တည်း မဟုတ်ကြောင်း ..
ဟန်နီကလည်း သူ့ကို ချစ်ခဲ့တဲ့အကြောင်း ..။

.............................................

( ဒီနေရာကနေ စပြီး Jeno Point Of Viewအဆုံးသတ်ပြီး Jaemin ရဲ့ Point Of View စပါပြီ ။ စာအုပ်ထဲမှာ Jaeminရေးထားမယ့် စာသားတွေကို နောက်ဆုံးအပိုဒ်မှာ |•| နဲ့ ရေးပေးသွားပါမယ် ။ ကြားကအကုန် Jaeminရဲ့ အတွေးတွေ ချည်းပါပဲ )

.............................................

" Jaemin "

" အင်း ? "

" Americano "

‌" ကျေးဇူး Jennnn "

မေဂျာမတူသည့် သူငယ်ချင်း ငါးယောက်က အတန်းချိန် မပြီးသေးတော့ ကျောင်းထဲက သူတို့ ခုနစ်ယောက် စုတဲ့နေရာလေးမှာ Jenoနှင့်သူ စောင့်ရင်း စာလုပ်နေကြတုန်း ရုတ်တရက် ထသွားသည့် Jenoက ပြန်လာတော့ လက်ထဲမှာ သူအကြိုက်ဆုံး Americanoဘူးလေး ကိုင်လို့ ။

Jenoနဲ့ သူ့ရဲ့ ဆက်ဆံရေးက ညီအစ်ကို သူငယ်ချင်း ..
သူတို့ရဲ့ အနာဂတ်ကတော့ .. အချင်းချင်း သဘောကျနေတဲ့ ဆက်ဆံရေး ။

Selenophile || NoMinWhere stories live. Discover now