" Jeno မင်း ခေါင်းမမာနဲ့ "

" ဟင့်အင်း ဟန်နီက .. "

" သူအဆင်ပြေသွားမှာ .. သူအဆင်ပြေသွားမှာပါ "

သူ့ကို ဖက်ထားခဲ့သည့် Hyuckရဲ့ ပခုံးတွေပေါ် ထပ်ပြီး ငိုခဲ့သလား သူမသိတော့ ။

နိမ့်ချည် မြင့်ချည် ဖြစ်နေတဲ့ ဟန်နီ့ရဲ့ ရင်ဘတ် ..။
'1,2,3' ပြိုင်တူအော်ပြီး ဟန်နီ့ရင်ဘတ်ပေါ်ကို သူတို့တွေ shockရိုက်နေကြတာ .. ဆရာ၀န်တွေက ဟန်နီ့ကို နာအောင် လုပ်နေကြတာ ။

" Hyuckkie .. Jaeminကို ကယ်ပါဦး "

အခန်းအပြင်ကနေ ငိုနေရင်း သူက အော်နေမိသည် ။
ဘေးနားကနေ Mark Hyungကပါ သူ့ကိုဖက်လာပြီး ကျောကို ခပ်ဖွဖွပုတ်ပေးနေပေမယ့် ဟန်နီ့ရဲ့ မျက်နှာနုနုကလေးကို မြင်မိတော့ သူက အငိုမရပ်နိုင်ပါ ။

" Hyung .. Jaeminnieကို သူတို့တွေနာအောင် လုပ်နေကြတယ် "

သူနှင့်အတူတူ ငိုနေသည်က Jisung ။
Hyuckနဲ့ Chenleက Jisungကို သွားပြီး ဖက်ထားကြသည် .. Renjunကတော့ ထောင့်နားလေးကပ်လို့ ။

ခဏနေတော့မှ အခြေအနေ ငြိမ်သွားလို့ ဆရာ၀န်တွေက ထွက်သွားကြသည် ။

" နောက်တစ်ခေါက် ဒီလိုထပ်ဖြစ်ရင် သူ့အခြေအနေကို ကျွန်တော်တို့ အာမခံနိုင်တော့မှာ မဟုတ်ဘူးထင်တယ် "

ဒါက ဆရာ၀န်တစ်ယောက် ပြောရမှာတဲ့လား ..
လူနာကို ကုဖို့က သူတို့တာ၀န် မဟုတ်ဘူးလား ..!

ခါးသီးလိုက်တဲ့စကားတွေ ..
Jenoက မကြားချင်ယောင်ပဲ ဆောင်နေရသည် ။

Shockရိုက်ပြီး ပုံမှန်ပြန်ဖြစ်အောင် လုပ်ထားရတဲ့ ဟန်နီ့ရဲ့ နှလုံးခုန်နှုန်း ..။
သေချာ ပြန်ပြီး ၀တ်ပေးထားပေမယ့် အင်္ကျီလက်က အပေါ်ကို မြောက်တက်နေတော့ သူထူးဆန်းတာ တစ်ခုကို မြင်လိုက်ရသည် ။

ဟန်နီ့ လက်.. ဟန်နီ့လက် အပေါ်နားမှာ ဓားရှရာတွေ ။

" Hyuck .. Hyuck .. !! "

" ငါ သိခဲ့ပြီးသား .. Jen "

" ဘာဖြစ်တာလဲ .. ဒီဟာ ဘာတွေလဲ !
နည်းနည်းလေးလည်း မဟုတ်ဘူး ။ ဒီဓားရှရာတွေက ဘာတွေလဲ "

" ဓားရှရာတွေ မဟုတ်ဘူးလေ Jeno ..
ဓားနဲ့ မွှန်းထားတဲ့ ဒဏ်ရာတွေ "

Selenophile || NoMinWhere stories live. Discover now