"ဒယ်ဒီ့သားလေး လုံးဝမမှားဘူး
သားကိုလာကြောတာလုံးဝ
လက်မခံနဲ့......
သူတို့ကသုံးယောက်လုပ်တာ
သားကတစ်ယောက်တည်းသူတို့
စာအုပ်ကိုပြန်လုပ်လိုက်တာ
မိုက်တယ်ကွာငါ့သားက"

သူ့ဒယ်ဒီကပြောလိုက်ရောပြုံးသွားပြီး
ထယ်ယောင်းကိုမျက်လုံးလှန်ကြည့်နေပုံက သူမမှားဘူးဆိုတဲ့အကြည့်နဲ့။

"ဂျွန် ကလေးကိုဘာလို့မြှောက်ပေးနေတာလဲ သားရှေ့လျှောက်ဆိုးနေရင်ဘယ်လိုလုပ်မလဲ အခုမှမူကြိုရှိသေးတာလေ"

"ဘေဘီကလည်း ကိုယ်နဲ့ဘေဘီ့သားကဆိုးမလား ကိုယ်တို့သွေးတွေကသားလေးဆီမှာအပြည့်စီးဆင်းနေတာ
သားလေးကိုသပ်သပ်လာကြောတာ
ဖြစ်လို့သားကပြန်လုပ်တာပေါ့ ငြိမ်ခံနေလို့မှမရတာ သားအကြောင်း
သူတို့သိသွားရင်
နောက်ဆို သူတို့Jeon Noahဆိုတာနဲ့
မကြောရဲတော့ဘူး"

"သားကသူများကိုဘယ်တော့မှစမလုပ်ပါဘူးပါးပါး.....
သားကိုလာလာချဲရင်တော့
သားကပြန်ချဲရမယ်လို့ဒယ်ဒီကပြောထားတာ ဒါမှသားကိုဘယ်သူမှအထင်မသေးရဲမှာတဲ့
သားကဒယ်ဒီပြောပြထားတဲ့
စကားတွေကိုမှတ်ထားပြီးသား"

"သားလေးရဲ့နောက်မှာ...."

သူ့ကိုပြောပြနေတဲ့သားလေးကို
ထယ်ယောင်းကြည့်နေရင်းအသည်းယားမိနေသည်။
သူ့ဒယ်ဒီကစကားထောက်ပေးတော့
ပြန်ဖြေလာပုံက မျက်နှာလေးကို
မော်ကြွားနေလေရော။

"သားရဲ့နောက်မှာ ဒယ်ဒီနဲ့ပါးပါး
ရှိတယ် သားကဘာမှအားငယ်စရာမလိုဘူး ဘယ်သူ့မှကြောက်နေစရာမလိုဘူး
သားကJeon Noahဖြစ်လို့"

"ဒယ်ဒီ့သားလေးကပြောစကားအကုန်မှတ်မိတယ်ကွာ ဒယ်ဒီအရမ်းချစ်ရတဲ့သားလေးရေ အားးးလာကွ"

ခုံပေါ်ကနေမချီပြီး ဂျောင်ဂုက
ပါးလေးတွေကိုတရှုံ့ရှုံ့နမ်းလိုက်တော့
တခစ်ခစ်နဲ့ရယ်နေသေးသည်။
မဟုတ်မခံစက်စက်ကြဲစိတ်ကတော့
ဘေဘီနဲ့တစ်ပုံစံထဲ။
ဘေဘီတို့တော့ဝဋ်ကိုချက်ချင်းလည်တာ။

"ကဲ...လာတော့ပါးပါးထမင်းခွံ့မယ်
ခုနကဗိုက်ဆာနေတာဆို
ဒယ်ဒီကရေသွားချိုးရအုံးမယ်လေ"

 Simplicity of love √Completed √Where stories live. Discover now