ငါ့ဘ၀မှာ အပြည့်မြောက်ချင်ခဲ့ဆုံးဆုတောင်းက မင်းကိုပိုင်ဆိုင်ရချင်ခဲ့တာ ဆိုတဲ့အကြောင်း သူဟန်နီ့ကို မပြောပြဖြစ်ခဲ့သေးဘူး ။

အရှေ့ကိုပဲ ကြည့်လျှောက်နေပြီး ဘေးကို ပြန်ကြည့်တော့ ဘယ်သူမှမရှိတော့ ။
သူ့လက်ထဲမှာလည်း ဘယ်သူ့လက်မှ မရှိတော့ ..။

အဝေးကြီးက မှုန်ပျပျ အရိပ်ကလေးက ဟန်နီဖြစ်နေပြန်တာလား ..။
ဘာလို့ သူ့ကိုထားသွားပြန်တာလဲ ။

" ဟန်နီရေ !!! "

" Jeno .. ကောင်းကောင်းနေ "

ရယ်သံလေးနဲ့ ပြောသွားတဲ့ ဟန်နီ့စကားသံက ပေါ့ပါးလို့နေသည် ။
ရယ်သံကလေးဟာ သဘောတကျ ၊ အားရပါးရ ။
သူမကြားရခဲ့တာ ကြာခဲ့သည့် ဒီအသံလေး ..။

" Jeno ! Jeno !! "

သူ့လက်ကို လှုပ်ဆွဲရင်း ခေါ်လာသည့် DongHyuckကြောင့် သူနိုးလာသည် ။

" မင်း နိုးလာပြီ "

" DongHyuckk .. "

" ငါ့ကောင် အသက်ရှင်ပြီကွ!! ငါဆရာ၀န်သွားခေါ်ဦးမယ် "

သူ့ဆီကနေ အပြေးတစ်ပိုင်းထွက်သွားတဲ့ DongHyuckကြောင့် သူက ပုံမှန်လောကကြီးဆီ အခုမှပြန်ရောက်လာမှန်းသိရတော့သည် ။

မျက်လုံးထောင့်က မျက်ရည်စက သူ့ဗိုက်ပေါ်က ခွဲကြောင်းကြောင့် နာလို့ မဟုတ်မှန်း သူပဲသိသည် ။

Aliceနဲ့ Benက အရင်ဆုံးအပြေး၀င်လာပြီး သူ့ကိုမြင်တော့ သူ့တို့အချင်းချင်း ဖက်ထားကြသည် ။

" မင်းတို့ကလည်းကွာ ငါ့ကိုစာနာကြပါဦး "

သူကအဲ့ဒီ‌လိုပြောတော့ Aliceနဲ့ Benက ရယ်သည် ။
ခဏနေ ဆရာ၀န်ကြီးတွေ ရောက်လာပြီးတော့ သူ့ကို တစ်ပတ်လောက် အနီးကပ်စောင့်ကြည့်ဖို့သာ ပြောသွားတော့သည် ။

" ကောင်းကောင်းလုပ်နိုင်ခဲ့လို့ ချီးကျူးတယ် Mr.Lee "

" ကျေးဇူး Sir "

........................................

ဆရာ၀န်ပြောတဲ့ တစ်ပတ်ကလည်း မြန်မြန်ကုန်လာခဲ့သည် ။
DongHyuckkieက သူ့ကို လေ့ကျင့်ခန်းလုပ်ပေးတာတွေ ၊ အတူတူလမ်းလျှောက်တာတွေ အကုန်တာ၀န်ယူထားပြီး တစ်ချိန်လုံး သူ့အနားနားနေသည် ။

Selenophile || NoMinHikayelerin yaşadığı yer. Şimdi keşfedin