လွမ်း၍ဆွေး၍သာ ခင်ရယ် ကျန်ခဲ့လေ (GL)

517 32 0
                                    

"မမငယ်ကလေ ခင့်ကိုသိပ်ချစ်တာ ဒါပေမဲ့.."
မမငယ်အသံက ၀မ်းနည်းသံစွတ်လို့ မျက်နှာကလေးကလည်း မှိုင်းလို့ပါလား။

"မမငယ် ခင့်ဆီက ထွက်မသွားပါနဲ့"
တဖြေးဖြေး ကျွန်မနဲ့ ဝေးကွာသွားတဲ့ မမငယ်။

"မမငယ်!"
မျက်လုံးဖွင့်ကြည့်တော့ မှောင်မိုက်နေတဲ့ မျက်နှာကျက်။လေထဲမှာ လက်တွေဆန့်တန်းထားလို့။ဒါဟာ အိပ်မက်တစ်ခု။

"ခင် အိပ်မက်ဆိုးတွေ မက်ပြန်ပလား"
မမငယ်ကို တမ်းတသံဟာ အိပ်မက်ထဲကနေ အပြင်ကိုပဲ့တင်ထွက်သွားတယ် ထင်ပါရဲ့။ ဘေးနားမှာ အိပ်မောကျနေတဲ့ အမျိူးသားတောင် နိုးလာပါကော။

"ပြန်အိပ်ပါ မောင်။ ခင် ဘာမှမဖြစ်ပါဘူး"
အဲ့လိုပြောလိုက်တော့မှ မောင်က ခေါင်းတညိတ်ညိတ်နဲ့ အိပ်ရှာတယ်။

လွမ်းဆွတ်တာတွေကို သက်ပြင်းအဖြစ် မှုတ်ထုတ်ရင်း မောင့်ကိုကျောပေးပြီး တဖက်ကိုလှည့်လိုက်တယ်။ဒီညလည်း အတွေးတွေ ယောင်လည်လည်နဲ့ အိပ်မပျော်ပြန်ပါဘူး။

အော်..မမငယ် မမငယ်။
အနားမှာမရှိတော့တာတောင် ခင့်ကို စိုးမိုးလွန်းပါရဲ့ကွယ်။
                                 •••
"မမငယ်က ခင့်ကို မချစ်ပါဘူး"

"ဟော ဘယ်လိုဖြစ်ရပြန်တာတုန်း"
ကျွန်မ မှတ်မိပါသေးတယ်။အဲ့ဒီစကားပြောတုန်းကလေ မမငယ်ခမျာ ပြုံးရခက် မဲ့ရခက် မျက်နှာနဲ့။

"မမငယ်က ခင့်ကို တခါမှ နုနုရွရွတွေလည်းမပြောဘူး။ ခင့်ဘက်ကချည်း ပြောရတာမဟုတ်လား။ ချစ်သူတွေဖြစ်တာတောင်ဘယ်လောက်ကြာပလဲ"

ကျွန်မက မျက်စောင်းတခဲခဲနဲ့ ပြောတော့ မမငယ်က ရယ်တယ်။
ရယ်တယ်ဆိုတာထက် သွားပေါ်အောင် ပြုံးတာပေါ့။

"မမငယ်က အဲ့လိုတွေမပြောတတ်ဘူးဆိုတာ သိရဲ့နဲ့။ မမငယ်က အပြောထက် အလုပ်ကိုပဲ ပိုကြိုက်တယ်။ ဥပမာ ဟောဒီလိုမျိူး"

မမငယ်ဟာ ပြောရင်းနဲ့ ကျွန်မခါးကို ကောက်ပွေ့ကာ သူ့ရင်ခွင်ထဲ ကြွေဆင်းစေတယ်။ပြီးတော့ နဖူးပေါ်ကို အနမ်းလှလှ တစ်ချက်၊
နောက်တခါ ပါးအိအိပေါ်  နှာခေါင်းကလေးနဲ့ ရွှတ်ခနဲမြည်အောင် နမ်းတော့ ကျွန်မမှာ ရှက်လှပြီ။

3AM ThoughtsWhere stories live. Discover now