ဝမ်ရိပေါ်  အလိုအလျောက်ကို သူ့မြင်ကွင်းရှေ့က ပုံရိပ်လေးကို ရင်ခွင်တွင်း တင်းကြပ်စွာ ဖက်ထားလိုက်ပြီး...

"ခင်ဗျား ပြန်လာပြီ...နောက်ဆုံးတော့ ပြန်လာပြီ...ကျွန်တော် ဘယ်လောက်တောင် သတိရနေခဲ့လဲ သိရဲ့လား...."

"ရိပေါ်...အ...ငါ့ကို လွှတ်ပေးဦး...မင်းဖက်ထားတာ အရိုးကျိုးတော့မယ်..."

"ခင်ဗျားက စွမ်းအားကြီးနတ်ဘုရားလေ ကျွန်တော် ဖက်တာလောက်လေးနဲ့ ခင်ဗျားအရိုး မကျိုးနိုင်ပါဘူး..."

ဝမ်ရိပေါ် မျက်မှောင်တွန့်လျှက် မကျေမနပ် ပြောလာသည်။

"တကယ်တမ်းဆို ကျွန်တော် က ဒီထက်တောင် ပိုလုပ်ချင်တာ..."

ကလေးဆိုး ဖြစ်နေသည့် ဝမ်ရိပေါ် ကြောင့် ရှောင်းကျန့် သူ့ဒဏ်ရာတို့ပင် မေ့ပျောက်လောက်အောင် ပြုံးရယ်မိသွားသည်။

"ဒီထက် ပိုလုပ်ချင်တာ ဆိုတော့ မင်းက ဘာလုပ်ချင်လို့...."

သူ့စကားတောင် မဆုံးသေး
သူ့ခါးကို ရစ်ထွေးလာသည့် ဝမ်ရိပေါ် လက်တို့ကြောင့် ရှောင်းကျန့် ရှုပ်ထွေးသွားသည်။

"မှန်းကြည့်လေ....ကျွန်တော့် ကို အကြာကြီး ပစ်ထားတာ အတွက် ကျွန်တော် ခင်ဗျားလေးကို ဘယ်လို အပြစ်ပေးသင့်လဲ..."

ဝမ်ရိပေါ် ခေါင်းကို ငုံ့ကိုင်းလျှက် နှုတ်ခမ်း
နှစ်လွှာချင်း ထပ်တူကျစေလိုက်သည်။

ပတ်ဝန်းကျင် ကို လေလို သဘောထားသည့် လူနှစ်ယောက်ကြောင့် အားကျိမှာ သူ့ဘာသာ အလိုက်တသိနှင့်ပင် ထောင့်လေး၌ သွားကပ်၍ ထိုင်နေလေသည်။

ရှောင်းကျန့် အသက်ရှုမဝတော့သောကြောင့် အမြန်ရပ်ခိုင်းလိုက်ရသည်။

ရှောင်းကျန့် လျော့ရဲ နေသည့် အက်ျီတို့ကို သပ်ရပ်အောင် ပြန်လုပ်လိုက်ပြီး...

"ဒီလောက်ဆို တော်ပြီလေ...."

"ဒါပေမဲ့ ကျွန်တော် က မတော်ချင်သေးဘူးလေ...."

ဝမ်ရိပေါ် ထပ်မံနမ်းရှိုက်ရန် ပြင်လိုက်သည်။

ရှောင်းကျန့် အလျင်အမြန် ဝမ်ရိပေါ် နှုတ်ခမ်း ပါးကို လက်ချောင်းထိပ်လေးနှင့် ထိကပ်လိုက်ရင်း

The Same L💗VE (completed )Where stories live. Discover now