(အပိုင်း ၂) Zawgyi

Start from the beginning
                                    

"ဘုတ်..."

ဇက်ပိုးမှနာကျင်မှုနဲ့အတူ မြေပြင်ပေါ်သို့ခွေကျလျက်...
ရှောင်ကျန့်ရဲ့ကိုယ်လေးသည် ထိုသူ၏ပုခုံးပေါ်တွင်
နေရာယူထား၍လိုက်ပါသွားလေသည်။

"ဟေ့...အရှင် ပြန်လာပြီ...အရိုအသေပေးကြ" ကင်းစောင့်နေသောသူထံမှ အသံထွက်လာလေရာ
ထိုနေရာတွေရှိသော လူအားလုံးက အရိုအသေပေးကြရသည်
အရှင်ဟုခေါ်သောလူသည် ထိုလူအုပ်အားဖြတ်၍ စခန်းထဲသို့ဝင်သွားလေတော့သည်
ထိုအရှင်ပုခုံးပေါ်ကလူအား မြင်ကြသောအခါ အံသြ၍မဆုံးဖြစ်နေကြလေတော့သည်
သူတို့နှင့်မတူသည့် အဝတ်အစား၊ ဆံပင်ပုံစံ ၊ ပို၍ထူးဆန်းသည်က
သူတို့၏ခေါင်းဆောင်ဖြစ်သောအရှင်သည် ကောင်လေးတစ်ယောက်ကို ချီပိုး၍လာသည်တဲ့လား။

ထိုလူအုပ်ထဲမှ ရားထူးအဆင့်ကြီးမားဟန်ရှိသော လူတစ်ယောက်သည် စကားတစ်ခွန်းအားတီးတိုးပြောဆိုလိုက်သည်။

"ဒဏ္ဏာရီလာပုံပြင်တွေကတစ်ကယ်ဖြစ်လာပြီပဲ....."

ရှောင်ကျန့်ချောက်ထဲသို့မကျခင်...........
:: Feedback start ::

ကောင်းကင်တစ်ခုလုံး အုံ့မှိုင်း၍လျှပ်စီးများလက်လာသည်
နေ့ဘက်မှ ညဘက်သို့ ချက်ချင်းကူးပြောင်းသွားလေရာ
ကောင်းကင်မှ အက်ကွဲကြောင်းကြီးပေါ်ပေါက်လာပြီး အပေါက်ကြီးတစ်ခုကဲ့သို့ဖြစ်နေလေ၏။ ထိုအက်ကြောင်းရာထဲမှ အလွန်းသေးငယ်သောတဈစုံတဈခုကလြာသည်ကို လှမ်းမြင်ရသောကြောင့် စူးစမ်းရန် မိမိတစ်ယောက်တည်းထွက်လာခဲ့ရာ တစ်ယောက်တည်းစကားပြောနေသော ကောင်ငယ်လေးတစ်ယောက်.....
မိမိတို့နှင့်မတူသည့် ဝတ်စားဆင်ယင်မှု ၊ ဆံပင်ပုံစံ နှင့် ထိုလူငယ်က တစ်စုံတစ်ရာကိုအလိုမကျဟန် မြည်တွန်တောက်တီးနေသည်
ထိုလူငယ်၏ နှုတ်ခမ်းအောက်က မှဲ့နက်လေးအား အကြည့်ရောက်သွားမိတဲ့အခိုက်....
"ဒုတ်.....ဒုတ်....."
ရုတ်တရက်ငေးမောသွားမိရင်း ခုန်လာသောရင်ဘတ်ကတစ်နေရာ.
သတင်းမမူမိဘဲ ခြေတစ်လှမ်းဆုတ်လိုက်မိချိန် ခြေထောက်အောက်က သစ်ကိုင်းခြောက်ကိုနင်းမိလေသောအရှင်ဖြစ်သူ။
"ချွတ်.....ချွတ်....." သစ်ကိုင်းခြောက်မှအသံထွက်လာသောကြောင့်"ဘယ်သူလဲ"ဟုလန့်၍အော်မေးလာသောထိုကောင်ငယ်လေး

ထိုလူငယ်က ၁၄နှစ်ကြာ မရီမပြုံးနေခဲ့သည့် မိမိနှုတ်ခမ်းထက် အပြုံးဟုမဆိုသာသော အပြုံးတစ်ပွင့်အားပေါ်ပေါက်လာစေသည်
ရုတ်တရက်စချင်သောစိတ်တစ်ခုပေါ်လာသောကြောင့်
လက်ထဲက ဓားမြှောင်နှင့်ထိုသူဘေးအားပစ်လိုက်ရာ
လန့်၍အော်လာသော ကောင်ငယ်လေး.....
မျက်ခုံးများ ထိလုမတတ်တွန့်ချိုးသွားမိသည်...

"ဒီအော်သံက ဘာလို့ထပ်ပြီးရင်တုန်စေတာလဲ"
"ငါလန့်သွားတာလား....မဖြစ်နိုင်တာ ၁၀နှစ်အရွယ်တုန်းက ဓားထိုးခံရတာတောင် မျက်နှာတစ်ချက်မပျက်ခဲ့တာ ငါကလေ..."
စိတ်ရှုပ်ထွေးစွာတွေးစွာတွေးရင်း ကျူးကျော်ဝင်ရောက်သူမို့
ဇက်ပိုးတစ်ချက်အုပ်ပြီးပုခုံးပေါ်တင်ကာထမ်း၍ ထိုနေရာမှထွက်လာခဲ့သည်

(လန့်၍ရင်တုန်တာမဟုတ်ဘဲ မှဲ့နက်လေးကြောင့်ရင်ခုန်တာကိုမသိတဲ့အရှင်ပါလေ...။)

ရှောင်ကျန့်၏အလုပျအိတျးမှေတစ်နေရာတွင်ပြုတ်ကျ၍ကျန်ခဲ့လေသည်

ထိုအချိန်တွင် နန်းတော်ထဲ ညီလာခံ၌ ရုန်းရင်းဆန်ခက်အခြေအနေများ ဖြစ်ပေါ်လျက် ရှိနေသည်။
"သွားကြ.....မျက်နှာစိမ်းလူမှန်သမျှ ဖမ်းခေါ်ခဲ့ကြစမ်း ..."
"အသေရရ အရှင်ရရ အဲ့လူကိုရမှဖြစ်မယ်"
ညီလာခံကရှိသမျှအဆင့်ရှိအမတ်များအားလုံး
အသံတစ်စိုးတစိမှာမထွက်ရဲချေ။
ဝမ်တိုင်းပြည်၏ ဒုတိယဖိဖုရားဝမ်မေ့ ၏ သား လက်ရှိဘုရင်ဝမ်မင်ဟုန် မှမိန့်ကြားခဲ့သည်။

:: Feedback end ::

မကြိုက်တဲ့နေရာရှိရင်ပြောပါ ပြင်ပေးပါ့မယ် ပထမဆုံးရေးတဲ့ fic လေးမို့ မကောင်းမကန်းလေးကိုသည်းခံပြီးဖတ်ပေးကြပါဦးနော်
Wattpad ထဲမှာလည်း ဖတ်ပေးပြီး like and feedback လေးပေးကြပါဦးနော်
စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်
စာလုံးပေါင်းသတ်ပုံမှားယွင်းခဲ့ရင်တောင်ပးန်ပါတယ်

20.6.2021
Aeint Chit May_8515BX.

Never StopWhere stories live. Discover now