" ရတယ် … ငါမင်းကို မညှာတော့ဘူး … လဲကျတဲ့ကောင်အရှုံးပဲ "

ဘေးနားကအစောင့်တွေက ရန်ပွဲစကတည်းက နေရာရှင်းပေးကာ ရှောင်ဖယ်နေကြတယ် … ခေါင်းဆောင်တွေရဲ့ လက်စွမ်းတွေက နည်းနည်းလေးမှ ပေါ့လျော့မနေပဲ အလှပြနေသည့်အလား ထိုးကွက်တွေက ဆွဲဆောင်လွန်းလှတယ် … မူးနေတဲ့လူရဲ့ တောင်ယိုင်မြောက်ယိုင် ထိုးကွက်များကို တဖက်လူက အသည်းအသန်ရှောင်ဖယ်နေရတယ် …

အမြဲပြိုင်ဆိုင်လိုစိတ်ပြင်းပြနေတဲ့သူတို့ ၂ ယောက် အနိုင်မခံအရှုံးမပေး ထိခိုက်နာကျင်အောင်လဲ မလုပ်ဆောင်နိုင်ပဲ အပြန်အလှန်လက်စွမ်းပြနေကြတယ် … ယခုလိုတရင်းတနီးမနေခဲ့ရတာ နှစ်များစွာကြာခဲ့ပြီမို့ ရှုယွမ်နဲ့နီးကပ်သွားတိုင်း ဖန်းဂူမေးခွန်းတစ်ခု မေးလိုက်တယ် …

" မင်း ငါ့ကို ဘယ်အချိန်ကတည်းက စောင့်ကြည့်နေခဲ့တာလဲ "

ရှုယွမ်ကလဲ ပြန်ဖြေလိုက်တယ် …

" မင်း အမှောင်လောကထဲ ရောက်သွားကတည်းက "

" မင်းငါနဲ့ ညီအကိုဖြစ်ချင်ရင် ဘာကြောင့် ငါနဲ့မပူးပေါင်းပဲ အမြဲတော်လှန်နေတာလဲ … ငါ့ကိုအရွဲ့တိုက်နေတာလား "

" ကလေးကလားတွေပြောမနေနဲ့ … ငါမင်းကို အမှောင်ကကနေထွက်လာစေချင်တာ … မင်းလုပ်ရပ်တွေမှားနေတာ မင်းကိုယ်တိုင်ရောသိရဲ့လား "

တစ်ယောက်နဲ့တစ်ယောက် တွန်းကန်ကာ ထိုးကြိတ်နေရင်း စကားပြောလဲမပြတ်ပေ …

" ငါ့လုပ်ရပ်က ဘယ်တော့မှမမှားဘူး … ငါမိသားစုအတွက်ငါလုပ်တာ … မင်းတို့အရာရှိတွေပဲ အမြဲမှန်ကန်တယ် "

" လက်နတ်တွေက လူတွေကိုအန္တရာယ်ပြုနိုင်ဆုံးအရာတွေ … ဒါတွေကို မင်းအရောင်းအဝယ်လုပ်နေတာကို ငါကခွင့်ပြုရမှာလား … မင်းရဲ့မကောင်းတဲ့ မျက်နှာဖုံးကို ငါကခွာချချင်တာ "

" ဒါဆိုဘာလို့ ခုပြန်ပြီး ကူညီနေတာလဲ … မင်းလိုချင်တဲ့အောင်မြင်မှုကို ယူလို့ရပြီ … ငါမင်းရဲ့ကာကွယ်မှုတွေမလိုချင်ဘူး "

ရှုယွမ်က ဖန်ဂူရဲ့အမေးတွေကြောင့် ဖန်းဂူခုချိန်ထိ သူ့ရဲ့စိတ်ကိုနားမလည်သေးသလို သူ့ကိုမယုံကြည်နိုင်ဖြစ်နေ၍ ဒေါပွသွားတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now