အခန်း(၃)

Start from the beginning
                                    

ယွမ်မိရဲ့ Weibo ပေါ်က မှတ်ချက်တစ်ခုက သူ့မှာ သရုပ်ဆောင်စွမ်းရည်း လုံးဝမရှိဘူး ဟူ၍ဖြစ်သည် ။ ' ထိုအကြောင်းကို ယန်ယိလည်း သိထားပြီး သို့ပေမယ့် အခုဖြစ်နေတဲ့ ယွမ်မိရဲ့ ပုံစံကိုကြည့်ပြီး မှတ်ချက်နှင့် ကွဲလွဲစွာ သူက သိပ်ကိုသရုပ်ဆောင်ကောင်းတာပဲ ဟု သတ်မှတ်လိုက်မိသည်။
ဒီလိုပုံစံနဲ့ အပြောအဆိုတွေကို မှတ်တမ်းယူပြီး သူ့ရဲ့ဖန်တွေသိအောင် လုပ်ပေးလိုက်ရင်ကောင်းမှာ။

ယန်ယိက သူတို့နှစ်ယောက်ကို ငြိမ်သက်စွာရပ်ကြည့်နေပြီး တစ်ဖက်က ဆရာဝန်‌ပြောတဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း နားထောင်နေသည်။

"အခုလက်ရှိ လူနာအခြေအနေ ဘယ်လိုရှိလဲ။ ဆေးရုံကားနဲ့ အကူဝန်ထမ်းတွေတော့ လွှတ်ပေးလိုက် .."

"မလွှတ်နဲ့တော့ .... သူ သေသွားပြီ၊ "

တစ်ဖက်က ဆရာဝန်၏စကားပင်မဆုံးလိုက် ယန်ယိက ဖုန်းကိုချပြီး စားပွဲပေါ်ပြန်တင်လိုက်သည်။ ထို့နောက် သူ့အိတ်ထောင်ထဲက လက်ကိုင်ပုဝါလေးကို သေသပ်အောင် ပြန်လုပ်ပြီး လုရှန်းကျင်တို့အနားသို့ တိုးသွားလိုက်သည်။

"တောင်းပန်ပါတယ် ဆရာ ... ကျွန်တော်သူ့ကို ဂရုစိုက်လိုက်ပါ့မယ်...၊ ဆရာက အလုပ်သွားလိုက်ပါ။ အလုပ်ကပိုပြီး အရေးကြီးပါတယ် "

လုရှန်းကျင်အတွက် အလုပ်ကသာ အရေးအကြီးဆုံးဖြစ်ပြီး အချိန်ဇယားအားလုံးကလည်း အလုပ်တွေနဲ့ပဲ ပြည့်နေကာ ဒီလို ဒဏ်ရာရနေတဲ့ အိုမီဂါတစ်ယောက်ကို ဂရုစိုက်ပေးဖို့ အချိန်လေး နည်းနည်းတောင် မရှိပေ။
လုရှန်းကျင်က သူ့လက်ထဲက ယွမ်မိကို ယန်ယိလက်ထဲ လွှဲပြောင်းပေးလိုက်သည်။ အနားတိုးကပ်လာသည့် ယန်ယိ၏ နားထဲသို့ တိုးသဲ့တဲ့ သတိပေးစကားတစ်ခွန်းကိုလည်း မလွဲမသေပြောခဲ့သေးသည်။

"ငါ ပြန်လာမှ အပြစ်ပေးဖို့အတွက် စကားပြောတာပေါ့"

"ဟုတ်ကဲ့ပါ ဆရာ "

လုရှန်းကျင်က ယန်ယိလက်ထဲ ယွမ်မိကိုထည့်ပေးပြီးနောက် အပြင်ဝတ်ကုတ်ကို ယူပြီး အိမ်ထဲမှ ကားထားသည့်နေရာသို့ ထွက်သွားခဲ့သည်။ ကြီးမားပြီး တိတ်ဆိတ်သည့် ဗီလာထဲတွင် အိုမီဂါနှစ်ယောက်သာ ကျန်နေခဲ့သည်။

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Where stories live. Discover now