Final

4.7K 672 17
                                    

၁၉၇၉ ခု ၊ မတ်လ ၂၀ ရက်။

နွေရာသီကျောင်းပိတ်ရက်တွေမို့ ရှောင်ကျန့် သူ့ရဲ့ တိုက်ခန်းမှာပဲရှိနေတယ်။ နေ့လည်ခင်းအချိန်သာမို့ အပြင်ဘက် လမ်းဆီက စကားသံနဲ့ လှုပ်ရှားသံတွေကြားနေရဆဲ။

စာကြည့်စားပွဲမှာ ရှောင်ကျန့် ဝင်ထိုင်နေတယ်။ သူကြည့်နေမိတဲ့ စားပွဲဆီက ထောင်ထားတဲ့ ဓာတ်ပုံဘောင်ထဲမှာ ရိပေါ်နဲ့ သူ တွဲရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးရှိတယ်။ အဲ့ဒါ လွန်ခဲ့တဲ့ တစ်နှစ်က ရိပေါ်ရဲ့ သင်တန်းဆင်းပွဲမှာ သူတို့ ရိုက်ထားခဲ့တာလဲ ဖြစ်တယ်။

ရှောင်ကျန့်ရဲ့ မျက်နှာက သိသိသာသာချောင်ကျသွားတယ်။အုံ့မှိုင်းနေတဲ့ သူ့စိတ်ရပ်ဝန်းမှာ အရယ်အပြုံးတွေ မရှိခဲ့တာလည်း ရက်အတော်ကြာပြီ။

အဲ့ဒီရက်တွေမှာ သူ့ဒိုင်ယာရီစာအုပ်ထဲ စာတွေအများကြီး ချရေးခဲ့တယ်။ အကြောင်းအရာအားလုံးက ရိပေါ်နဲ့ သာ သက်ဆိုင်တယ်။

မောင့်ဆီက ဘာသတင်းမှ မကြားတော့တာ
ရက်ပေါင်း ၃၀ ။

ဖေဖော်ဝါရီ ၁၇ ရက်က စတင်ခဲ့တဲ့ တရုတ်ဗီယမ်နမ်စစ်ပွဲက ပြီးခဲ့တဲ့ မတ် ၁၆ ရက်မှာ ပြီးဆုံးခဲ့ပြီး စစ်နိုင်ခဲ့တယ်။ အကျအဆုံးများခဲ့တယ်။ အဲ့ဒီသတင်းတွေကလွဲရင် ရိပေါ်နဲ့ပတ်သတ်လို့ သူဘာမှမသိရခဲ့ဘူး....။

ပါးပါးက တက်နိုင်တဲ့ဘက်က စုံစမ်းပေးခဲ့ပေမယ့်လည်း ဘာသတင်းမှမရခဲ့။ သက်ပြင်းချသံတွေက ဘယ်လောက်များခဲ့ပြီလဲ ဆိုတာတောင် ရှောင်ကျန့် မသိတော့...။ ဒီနှစ်နွေဦးက သူ့ရင်ကို အတော်မှ ပူစေတယ်။

ငါ အရမ်းလွမ်းနေပြီ မောင်ရယ်
ပြန်လာပါတော့.....။

ချရေးလိုက်တဲ့ စာလုံးတွေနဲ့ မျက်ရည်စက်တချို့က အဲ့ဒီစာမျက်နှာဆီမှာ ရှိတယ်။ ရှိုက်သံ​တွေက တိတ်ဆိတ်နေတဲ့ အခန်းထဲ ခပ်တိုးတိုးသာဖြစ်တယ်။

မျက်လုံးတွေ ကျိမ်းစပ်လာတဲ့အထိ ရှောင်ကျန့်ငိုခဲ့တာ အတော်ကိုမှ ကြာခဲ့တယ်။ အိပ်ပျက်ညတွေ ဆက်ခဲ့တာလည်းမို့ မျက်လွှာတွေက မဖွင့်ချင်လောက်အောင် ညောင်းကိုက်နေခဲ့တာ။ ဒါပေမယ့်လဲ သူ့ မျက်ရည်တွေ မရပ်တန့်ခဲ့ဘူး။

1 9 7 9 [ Completed ] Where stories live. Discover now