Chapter 36 (Zawgyi)

Start from the beginning
                                    

ကလေးလေးက Mcqueen ၏ ပုခုံးပေါ်သို့ မေးလေးတင်ရင်း ချွဲကာ မေးနေလေသည် ။

Mcqueen က Cecil ကို ကြမ်းပေါ် ပြန်ချပေးရင်း ဒူးထောက်ထိုင်ချကာ ခေါင်းကို ပွတ်သပ်ပေးရင်း စနောက်လေသည် ။

" Cecil... လက်ဆောင် မတောင်းခင် အရင် နှုတ်ဆက်သင့်တယ်လို့ မထင်ဘူးလား... "

" အာ... တောင်းပန်ပါတယ်... Mcqueen... Janine ... မင်္ဂလာပါ... "
Cecil က အနည်းငယ် ရှက်သွားပုံဖြင့် ပြုံးရင်း နှုတ်ဆက်လာလေသည် ။

ကျွန်တော့်ကို မြင်သွားတော့ Cecil က ဇဝေဇဝါ ကြည့်ရင်း Mcqueen ကို မေးလေသည် ။

" Mcqueen... သူက ဘယ်သူကြီးလဲ... "

" အဲ့တာ ဦးတို့နဲ့ တူတူလာတဲ့ ဦးဦး Edd... သားတို့ အိမ်ကိုလာကြည့်တာ... "
Mcqueen က ပြောရင်းနှင့် Cecil ၏ ဆံပင်လေးကို ကြည့်ကာ မေးလေသည် ။
" သား ဆံပင်တွေက တိုသွားလိုက်တာ  ... ဘာလဲ... ညှပ်ထားတာလား... "

" ဟုတ်တယ်... ဆံပင်ရှည်တာ မကြိုက်လို့ ဖေဖေ့ကို ညှပ်ခိုင်းလိုက်တာ... ဖေဖေရေ... "
Cecil က သူ့အဖေကို အော်ခေါ်လိုက်သောကြောင့် Cecil ခေါ်ရာဘက်သို့ ကျွန်တော် လှည့်ကြည့်လိုက်သည် ။
လှေကားဖြင့် နံရံပေါ်တွင် ဆေးသုတ်နေသော အမျိုးသား တစ်ယောက်ကို တွေ့လိုက်ရလေသည် ။

" အင်း... ရောက်တာ စောသားပဲ... "

ထိုအမျိုးသားက လှေကားပေါ်က ဆင်းလာရင်း Mcqueen ဆီသို့ တည့်တည့်မတ်မတ် လျှောက်လာလေသည် ။

ထိုအမျိုးသားကို ကျွန်တော် မြင်ဖူးသလိုလို ရှိသော်လည်း ရုတ်တရက် မမှတ်မိသောကြောင့် မည်သူပါလိမ့်ဟု အသည်းအသန် စဉ်းစားနေရလေသည် ။

" Ryan... ဒါက Edd တဲ့... မင်းနဲ့ အိမ် စပ်တူငှားမယ့် တစ်ယောက်... "

Ryan က ကျွန်တော့်ကို မျက်ခုံးပင့်၍ ကြည့်ရင်း မေးလေသည် ။

" သြော်... ကြောင်မွေးထားတယ် ဆိုတဲ့ တစ်ယောက်လား... "

" ဟုတ်ကဲ့... "

Ryan က ကျွန်တော့်ထက် ၁ နှစ် ၂ နှစ်ခန့် ကြီးပုံရပြီး ကလေးတစ်ယောက်ကို တစ်ယောက်ထဲ ပြုစုပျိုးထောင်နေသော ဆင်ဂယ်ဖားသားတစ်ယောက် ဖြစ်သည်ဟု ကြားသိထားရသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now