အပိုင်း - ၂၆

Start from the beginning
                                    

"ရတယ်လေ" လင်ရှန်း နည်းနည်းလေးတော့ ရှက်နေမိတယ် "ဒါပေမယ့် ငါ့ရဲ့အချက်အပြုတ်စကေးကြီးတွေက အကောင်းကြီးမဟုတ်ဘူး၊ အဲ့တာထက်စာရင်..."

"ဘာမှမဖြစ်ဘူး" ကျောင်းရဲ့အခန့်ညားဆုံးလူငယ်လေးက နောက်ဆုံးတစ်ခေါက်တုန်းက အကြီးအကျယ်အရှက်ရခဲ့ရတယ်။ ဒီတစ်ခေါက် အဖတ်ပြန်ဆယ်ဖို့ကို ဆုံးဖြတ်ချက်ကအရမ်းပြတ်သားနေပြီ "မင်းကိုယ်တိုင် လုပ်ထားသရွေ့ရတယ်"

"ပြီးတာပဲ" လင်ရှန်း ခေါင်းငြိတ်ကာ သဘောတူလိုက်တယ်။

မော့ကျူးချန်ဆီ မေးခွန်းနမူနာတွေ ထပ်မံထိုးပေးကာ "ဒါဆိုလည်း ဒီနေ့ကနေပြီးတော့ မြန်မြန်စလုပ်ကြမယ်"

"ငါ သိပါတယ်" မော့ကျူးချန် လင်ရှန်းဘက်ကို မေးငေါ့ကာ ပြောလိုက်တယ်။ "ငါကတိပေးထားတဲ့အရာတွေအတွက် ငါဘယ်တော့မှ နောင်တမရဘူး"

လင်ရှန်း ပြန်တွေးမိသလောက် စာအုပ်ထဲမှာ ကျောင်းမြက်ကလေးက မိမိကိုယ်ကိုယုံကြည်လွန်းနေပြီး အဟုတ်ကြီးမှတ်နေသူလို့ပြောထားတာက အပြင်မှာလည်း အမှန်ပင်ဖြစ်တယ်။ သူ မော့ကျူးချန်ကို ခေါင်းသာ ငြိတ်ပြလိုက်ကာ စုတျန်းတျန်းရှိရာဘက်ကို လှမ်းကြည့်လိုက်တယ်။ စုတျန်းတျန်းမလာခင် ပြန်လှည့်လိုက်ကာ အတန်းပြင်ကို လျှောက်သွားတယ်။ သူ့အတွက် မေးခွန်းနမူနာတွေ စီစဉ်ပေးရတာ မခက်ခဲလှဘူး။

စာအုပ်ထဲရောက်မလာခင်တုန်းတည်းက သူ့ရဲ့အရည်အချင်းက သူ့ရဲ့ဉာဏ်ကြီးရှင်အစ်ကိုနောက်မှာ အဝေးကြီးလိုနေသေးတယ်ဆိုတာ လင်ရှန်းသိပြီးသားဖြစ်တယ်။ ဒါကြောင့် အထက်တန်းကျောင်းတတိယနှစ်ရောက်တဲ့အချိန်မှာ သာမန်ထက်ထူးခြားတဲ့ပြန်လှန်နည်းလမ်းတွေနဲ့ တစ်စုံလုံးကို တွေးတောစဉ်းစားတာနဲ့ အချိန်တွေအများကြီး ကုန်ဆုံးခဲ့ရတယ်။ နည်းလမ်းက အနည်းငယ်ရူးကြောင်ကြောင်နိုင်တယ်ဆိုပေမယ့် မင်းသာ ကြိုးစားချင်စိတ်ရှိမယ်ဆိုရင် ဒီနည်းလမ်းက ကောင်းကောင်းအလုပ်ဖြစ်လိမ့်မယ်။

မော့ကျူးချန်ကို တစ်လအတွင်းမှာ အိုးရန်ယင်းယီကို အနိုင်ပိုင်းစေချင်တယ်ဆိုပေမယ့် အဲ့လိုလုပ်ဖို့အတွက် တကယ့်ကိုအခက်အခဲတွေတော့ ရှိတယ်။ သို့သော်လည်း သူကြိုးစားချင်တယ်ဆိုရင် ဒါကမျှော်လင့်ချက်မရှိတာမျိုးတော့ မဟုတ်ဘူးလို့ လင်ရှန်းခံစားမိတယ်။ ပြီးခဲ့တဲ့တစ်ခေါက် ရူပဗေဒပုစ္ဆာတွေကို ကြည့်ခြင်းအားဖြင့် မော့ကျူးချန်က အတော်လေးထက်မြက်တယ်ဆိုတာ မြင်နိုင်တယ်။

ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]Where stories live. Discover now