Z ကလေးကို သေချာသွားတိုက်... မျက်နှာသစ်ပေးပြီးနောက် ကလေးငယ်နဲ့အတူ မနက်စာ စားရန် အောက်ထပ်ကို ဆင်းလာခဲ့သည်......

" ဒါဘယ်သူပြင်ထားတာလဲ ! "

Z ထမင်းစားပွဲ ပေါ်မှာ မြင်လိုက်ရတဲ့ ဆန်ပြုတ်ပန်းကန်ကြောင့် ဒေါသတကြီး ထအော်လိုက်သည်..... Z အသံကြောင့် မိုးသားအပါအ၀င် စားဖိုဆောင်မှာ ရှိတဲ့ သူတွေ အကုန်လုံး တိတ်ဆိတ်သွားလို့နေတယ်.... အပ်ကျ သံတောင်မကြားရတဲ့ အထိပင်..... အလုပ်သမားတွေကလဲ ခေါင်းငုတ်လျက် ကြောက်နေရသည်.....

" ဟို ဘာလိုလဲဟင်...... လူကြီးကြိုက်ဘူးလား သားက လူကြီးနေမကောင်းလို့ ဆန်ပြုတ်ဘဲသောက်စေချင်တာ "

Z အော်လို့တိတ်ဆိတ် ငြိမ်သက်နေတဲ့ ထမင်းစား၀ိုင်းမှာ.... အသံပိစိ လေးထွက်လာတာကတော့ Z ရင်ခွင်ထဲက အကောင်ပေါက်လေးပင်....

" သားက လူကြီးကြိုက်မယ်ထင်ထားတာ " မျက်နှာငယ်လေးနဲ့ ​သူ့အားစားစေချင်ပုံရပါသည်.....
ဒါပေမဲ့ မုန်းသည်.....​ငယ်ငယ်လေးထဲက ပထွေးရဲ့ နှိုပ်ဆက်မှုကြောင့် နှစ်နဲ့ ချီကာ စားလာရတဲ့ အစားအစာကြီးကို မုန်းသည်.... ဒီဆန်ပြုတ်ကို မြင်ရင် ပထွေးရဲ့ ယုတ်မာ မှုတွေ နှိပ်စက်မှု တွေဟာ အတွေးထဲ၀င်လာတယ်......

" ကိုယ်.... ကိုယ်....မကြိုက်ဘူး... လုံး၀...လုံး၀ မကြိုက်ဘူး.....အားးးးဟားးးး မစားဘူး.....တောင်းပန်ပါတယ်....မစားချင်ဘူး....."

ခေါင်းတခါခါဖြင့် အရူးတစ်ယောက်လို ပြောနေတဲ့ Z.... စိတ်တွေရှုပ်ထွေးနေပြီ... သူ့ရဲ့လက်တွေ ဆံပင်တွေအားကျစ်ကျစ်ပါအောင် စုတ်ကိုင်ရင်း.....ခေါင်းတခါခါဖြင့်.....

" မင်းစားစမ်း ! အဲ့လောက်တောင် ခိုးစားချင်နေတာစားစမ်း ! ရော့ အဲ့မှာခွေးစာ မင်းစားစမ်း "

ပထွေးဖြစ်သူ ဦးမာန်ဓန Z ရဲ့ဂုတ်ကို ကိုင်ကာခွေးစာ ခွက်ထဲခေါင်းကို အတင်းထိုးသွင်းနေသည်....

Z အစာမစားရတာ 3 ရက်လောက်ရှိပြီ ဖြစ်တာကြောင့် ဗိုက်ဆာလွန်းလို့ ဘယ်သူမှမသိအောင် မီးဖိုချောင်ထဲ ခိုး၀င်ကာ... ပေါင်မုန့်ခိုးစားခဲ့သည်....ဒါကို ပထွေးဖြစ်သူ ဦးမာန်ဓန မြင်တော့ Z အား ဂုတ်မှ ဆွဲ၍ ခွေးစာ ခွက်ထဲမှာ ရှိတဲ့ ခွေးစာများအားစားခိုင်းစေသည်.......

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now