hun ကသူပြောတဲ့စကားအတိုင်း luကို
ချစ်တယ်လို့ထပ်မပြောတော့ အရင်လိုပဲ lu
နဲ့စနောက်ကာအခင်မင်မပျက်နေပေးခဲ့ပေမယ့်
lu ကတော့စိတ်ထဲကနေ hunကိုအားနာနေမိ
သလိုပါပဲ luကိုယ့်ကိုယ်ကိုလဲမသိ ကိုယ့်စိတ်ကို
လဲနားမလည်နိုင် အမှန်အတိုင်းပြောရရင် luစိတ်
က Krisကိုသဘောကျနေမိသလိုပါပဲ ဒါပေမယ့်
hunကိုစဉ်းစားလိုက်မိပြန်ရင်လဲ Krisကိုအဖြေ
ပြန်ပေးဖို့အတွက်တွန့်ဆုတ်နေမိသည် Krisကို
ချစ်လားလို့ကိုယ့်ကိုယ်ပြန်မေးမိပြန်တော့လဲ
အဖြေကထွက်မလာ luရင်ထဲမှာဘာရှိလဲ
luနှလုံးသားကဘယ်သူ့ဆီမှာလဲဆိုတာကို
မသိခဲ့ hunလား ? Krisလား ?
____________________________
lu ဒီနေ့ကျောင်းပိတ်ရက်မို့ထုံးစံအတိုင်း
အိပ်ယာကမထသေး ommaလာနိုးတော့မှ
ထတော့သည်
chen ; lu...သမီးရေ ထတော့ ဒီနေ့hun
လေးမွေးနေ့လေ hunကိုလက်ဆောင်မပေး
တော့ဘူးလား
lu ; အင်း...omma luလဲစဉ်းစားနေ
တာပါ ဘာဝယ်ပေးရင်ကောင်းမလဲလို့
chen ; hunလေးနဲ့အတူအပြင်သွားလိုက်လေ
ပြီးတော့ hunလိုချင်တာတစ်ခုခုဝယ်ပေးလိုက်
ပေါ့ luရဲ့
lu ; ဟုတ်သားပဲ အဲ့ဒါဆို luလဲခေါင်းရှုပ်ခံ
ပြီးစဉ်းစားနေစရာမလိုတော့ဘူး သူကြိုက်တာ
ဝယ်ပေးလိုက်ရုံပဲ omma...gomawo
luကုတင်ပေါ်ကအမြန်ဆင်းပြီးရေမိုးချိုး
ဖီးလိမ်းပြင်ဆင်ကာဒူးဖုံးဂါဝန်အဖြူလက်ပြတ်